လှပျိုဖြူ

အသားလှခရမ်

Antioxidant Cream
Antioxidant Cream
အသုံးပြုပုံ
လှပျိုဖြူ – အသားလှခရမ် သည် အသားအရေ စိုပြည်ဝင်းပစေ၍ ရေဓာတ်ဖြည့်တင်း ထိန်းသိမ်းပေးနိုင်သည်။
အသားအရေ အမျိုးအစားမရွေး နေ့ရောညပါ အသုံးပြုနိုင်သည်။ မိတ်ကပ်မလိမ်းမီ လိမ်းနိုင်သည်။

အာနိသင် ပိုမိုထက်မြက်စေရန် FAME Pharmaceuticals မှ ထုတ်လုပ်သော ဘိုင်အိုဗြူးတီးကော်လာဂျင်သဘာဝ-အေခရမ်းချဉ်သီးဆေးရေညှိစိမ်း နှင့် ပျားနို့ဆေး တို့ကို သင့်လျော်သလို တွဲဖက်သောက်သုံးနိုင်ပါသည်။

ကမ္ဘာဦးပင် အဆီအနှစ် သည် ပျက်စီးနေသော အသားအရေကို ပြန်လည်ပြုပြင်ရာတွင် ပံ့ပိုးကူညီပေးနိုင်သည်။ အရေပြားသို့ သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး အင်တီအောက်စီဒင့် အာနိသင်ရှိသောကြောင့် အသားအရေပျက်စီးမှုများမှ ကာကွယ်ပေးနိုင်သည်။

ကိုအင်ဇိုင်းကျူတန်း သည် အရေပြားရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အသားအရေပျက်စီးမှုများမှ ကာကွယ်ပေးသည်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကိုလည်း လျှော့ချပေးနိုင်သည်။

ထောပတ်သီး အဆီအနှစ် သည် အရေပြားအတွက် လိုအပ်သော အာဟာရဓာတ်များ၊ ရေဓာတ်များကို ဖြည့်တင်းပေးခြင်းဖြင့် အသားအရေကို စိုပြည်ဝင်းပစေသည်။ နေရောင်နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် အသားအရေ ပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။

ဗြုံးမွှေးပင် အဆီအနှစ် သည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်းများကို သက်သာစေပြီး အသားအရေ ပျက်စီးမှုမှ ကာကွယ်ပေးနိုင်သည်။

ဗီတာမင်အီး သည် အရေပြားကို နေလောင်ခြင်းမှ ကာကွယ်ပေးနိုင်သော အာဟာရဓာတ်တစ်မျိုးဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့် အသားအရေပျက်စီးခြင်းကို ကာကွယ်ပေးနိုင်သည်။ အသားအရေကို ကြည်လင်ဝင်းမွတ်စေပြီး အရေပြားတစ်သျှူးများ၏ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေသည်။

သတိပြုရန်
လိမ်းပြီးဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်လာပါက ဆက်လိမ်းရန် မသင့်ပါ။

ထားသိုရန်
အေး၍ခြောက်သွေ့သောနေရာတွင် ထားသိုပါ။

ထုပ်ပိုးပုံ
တစ်ဘူးလျှင် ခရမ် (၄၀) ဂရမ် ပါဝင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.