ရေညှိစိမ်း
Green microalgae


ရေညှိစိမ်းသည် အလွန်သန့်ရှင်းစင်ကြယ်သော ရေထဲ၌သာပေါက်ရောက်နိုင်သည့် အပင်တစ်မျိုးဖြစ်ပါသည်။ အရွယ်အစားအားဖြင့် အလွန်သေးငယ်သော်လည်း အာဟာရဓာတ်များစွာ ပါဝင်ပါသည်။
ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း
ရေညှိစိမ်း ………… ၄၅ဝ မီလီဂရမ်
ဆေးဖက်ဝင်အာနိသင်များ
၁။ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း
ရေညှိစိမ်းသည် ကမ္ဘာပေါ်ရှိအပင်များထဲတွင် ကလိုရိုဖီးလ် အကြွယ်ဝဆုံးသောအပင်ဖြစ်သည်။ ၎င်းတွင်ပါဝင်သော ကလိုရိုဖီးလ်နှင့် ကယ်ရိုတီနွိုက်တို့သည် နေ့စဉ်စားသုံးလိုက်သော အစားအစာများတွင်ပါဝင်သည့် ကာဗွန်အဆိပ်များ၊ သတ္တုအဆိပ်ဓာတ်များနှင့် နေ့စဉ်ရှူသွင်းလိုက်သောလေတွင်ပါဝင်သည့် မီးခိုးများစသော အဆိပ်အတောက်များကို ခန္ဓာကိုယ်တွင်းသို့ မဝင်ရောက် စေရန် တားဆီးကာ ဆီးနှင့်မစင်မှတစ်ဆင့် စွန့်ထုတ်နိုင်စွမ်းရှိပါသည်။ထို့အပြင် ဓာတ်မတည့်ခြင်းကြောင့် ဖြစ်သည့် allergy များကို လျင်မြန်စွာ သက်သာစေကြောင်း တွေ့ရှိကြပါသည်။
၂။ သွေးအားကောင်းစေခြင်း
ဟင်းသီးဟင်းရွက်စိမ်းများကိုစားလျှင် (ဥပမာ-ကန်စွန်းရွက်) သွေးအားကောင်းသည်ကို လူတိုင်းသိကြပါသည်။ ယင်းမှာ ဟင်းရွက်စိမ်းတွင်ပါဝင်သည့် ကလိုရိုဖီးလ်ခေါ် အစိမ်းရောင်ခြယ်များကြောင့်ဖြစ်ပါသည်။ အဆိုပါ ကလိုရိုဖီးလ်ကိုစားသုံးလျှင် ခန္ဓာကိုယ်တွင်းသို့ရောက်သောအခါ သွေးနီဥတွင်ပါဝင်သည့် ဟေမိုဂလိုဗင် ခေါ် အနီရောင်ခြယ်အဖြစ်သို့ ပြောင်းသွားကာ သွေးအားကောင်းလာခြင်းဖြစ်ပါသည်။
၃။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေခြင်း
Chlorella Growth Factor (CGF) သည် ကလာပ်စည်းများတိုးပွားများပြားစေခြင်းဖြင့် ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားစေရန် အဓိကကျပါသည်။ (CGF) သည် ကလာပ်စည်းများပျက်စီးမှုနှင့် ထိခိုက်မှုကို ကာကွယ်ပေးပါသည်။ ထို့ကြောင့် အရွယ် အိုမင်းရင့်ရော်ခြင်းနှင့် မြစ်ပွားနာရောဂါများ ဖြစ်ပွားခြင်းကို ဟန့်တားနိုင်ကြောင်းသိရှိရပါသည်။
ရရှိနိုင်သောအကျိုးကျေးဇူးများ
- ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များဖယ်ရှားရန်
- သွေးအားနည်းရောဂါကုသရန်
- ကလေးငယ်များခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေရန်
သုံးစွဲရန်ဆေးပမာဏ
၂ နှစ်မှ ၅ နှစ်ထိ -တစ်နေ့လျှင် ဆေးတောင့်တစ်ဝက်၊
၅ နှစ်မှ ၁၂ နှစ်ထိ – တစ်နေ့လျှင် ဆေးတစ်တောင့်၊
၁၂ နှစ်နှင့် အထက် – တစ်ခါသောက် ဆေးတစ်တောင့် တစ်နေ့နှစ်ကြိမ် အစာစားပြီးသောက်ပါ။
ဘေးထွက်ဆိုးကျိုးများ
အချို့သောသူများတွင် ပျို့အန်ခြင်းနှင့် လေပွခြင်း ဖြစ်နိုင်ပါသည်။ဤဆေးကို နေ့စဉ်မှန်မှန်သောက်သုံးပါက ပါဝင်သော ကလိုရိုဖီးလ်များကြောင့် ဝမ်းသွားလျှင် အနည်းငယ် စိမ်းနိုင်ပါသည်။ သို့သော် စိုးရိမ်စရာမလိုပါ။
ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆ဝ) ပါဝင်ပါသည်။
