ကော်လာဂျင်

Hair, Nail & Skin Health

Collagen
Collagen
ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ
ပင်လယ်ငါးမှ ရရှိသော ကော်လာဂျင်……………..၂၅ဝ မီလီဂရမ်

ဆီးဖြူသီးအမှုန့်……………………………………………. ၂၅ မီလီဂရမ်

ရရှိနိုင်သော အကျိုးကျေးဇူးများ

  • အသားအရေ တင်းရင်းစိုပြေလှပစေခြင်း
  • ဆံသားနှင့်ခြေသည်းလက်သည်းများ ကောင်းမွန်သန်စွမ်းစေခြင်း
  • ခန္ဓာကိုယ်သွယ်လျကျစ်လျစ်စေခြင်း

FAME ကော်လာဂျင်ကို ပြင်သစ်နိုင်ငံတွင်ထုတ်လုပ်သော Naticol® type I collagen peptides အမျိုးအစားဖြင့် ဖော်စပ် ထားပါသည်။ လူ့ခန္ဓာကိုယ်ရှိ တွယ်ဆက်တစ်သျှူးများနှင့် အရေပြားတွင်တွေ့ရသော ပရိုတင်း ၇၅% ကို ကော်လာဂျင် ဖြင့်ဖွဲ့စည်းထားသည်။ ၎င်းကော်လာဂျင်သည် အသားအရေ ကိုတင်းရင်းလှပ၍ နူးညံ့ပျော့ပျောင်းစေရန်အတွက် မရှိမဖြစ် လိုအပ်သည်။ collagen peptides

တွင်မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်များလည်း ပါဝင်သည်။ သုတေသနလုပ်ဆောင်ချက်များအရ collagen peptides ကို

ခန္ဓာကိုယ်မှ ကောင်းစွာစုပ်ယူပြီး အရေပြားအတွင်းဆုံးလွှာအထိ ပို့ဆောင်ပေးနိုင်ကြောင်း တွေ့ရှိရသည်။ တွယ်ဆက် တစ်သျှူးများနှင့် အရေပြားအတွက် လိုအပ်သောပစ္စည်းများကို ထုတ်ပေးသည့် fibroblasts များကို ပွားများစေပြီး ၎င်းတို့၏ လုပ်ငန်းဆောင်တာများ ကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန် လှုံ့ဆော်ပေးသည်။ ကောင်းမွန်သော ကော်လာဂျင်အမျှင်များကိုလည်း ပိုမို များပြားလာစေသည်။

Hyaluronic acid ထုတ်လုပ်ခြင်းကို အားပေးပြီး ခရမ်းလွန်ရောင်ခြည်အေမှလည်း ကာကွယ်ပေးသည်။ ကော်လာဂျင်ကို (၁၂) ပတ်ကြာ အသုံးပြုပြီးနောက် သိသာ ထင်ရှားစွာအသားအရေ တင်းရင်းလှပလာသည်ကို လေ့လာ တွေ့ရှိရပါသည်။ Arginine ဟုခေါ်သည့် အမိုင်နိုအက်ဆစ်သည် ဆံသားသန်စွမ်း စေရန်အတွက် အရေးကြီးသောအာဟာရဓာတ် တစ်မျိုးဖြစ်သည်။ ကော်လာဂျင်သည် ဆံသားအရင်းသို့သွားသော သွေးကြောလေး များကို သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး ၎င်းတွင်ပါဝင်သော Arginine သည် ဆံပင်ကျွတ်ခြင်းကို လျော့နည်းသက်သာစေသည်။ သုတေသနများအရ collagen peptides ကို နေ့စဥ်မှီဝဲပါက ခြေသည်းလက်သည်းများ ကြွပ်ဆတ်ခြင်းမှကာကွယ်ပေးပြီး ကောင်းမွန်လှပစေနိုင်ကြောင်းတွေ့ရပါသည်။ ကော်လာဂျင်သည် အသည်းတွင် အဆီများစုပုံလာခြင်းကို ဟန့်တားပေးပြီး အဆီတစ်သျှူးတွင် သိုလှောင်ထားသော အဆီများကို လျော့နည်းစေသောကြောင့်  ခန္ဓာကိုယ်သွယ်လျကျစ်လျစ်ပြီး အဆီကျလှပစေပါသည်။

သုံးစွဲရန်ဆေးပမာဏ

လူကြီး – တစ်ခါသောက် ဆေးတစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာနှင့်ခြား၍ ရေများများဖြင့်သောက်ပါ။

ဘေးထွက်ဆိုးကျိုး

အချို့သောသူများတွင် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ရင်ပူခြင်းတို့ ဖြစ်တတ်ပါသည်။

သတိပြုရန်

ပင်လယ်စာနှင့် မတည့်သောသူများတွင် ဆေးအနည်းငယ် မှ စတင်စမ်းသောက်ပါ။ ဆေးမတည့်သည့်လက္ခဏာများ ပေါ်ပေါက်လာပါက ဆေးကိုဆက်မသောက်သင့်ပါ။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆ဝ) ပါဝင်ပါသည်။

ဆေးတောင့်တွင်ပါဝင်သော ဆေးဖက်ဝင် ဒြပ်ပေါင်းများ၏ သဘာဝအရ ထားသိုစဥ်အတွင်း စေးကပ်í ခဲသွားနိုင်သော်လည်း ဆေးအာနိသင် ပြောင်းလဲမှုမရှိပါ။

 

Copyright© 2026 FAME Pharmaceuticals Industry Co., Ltd. All rights reserved.