သဘာဝ-အေ
Carotenoid complex


မုန်လာဥနီအဆီအနှစ် ……….………….. ၁ဝဝ မီလီဂရမ်
ပန်းရောင်ရေညှိအဆီအနှစ် ……….….. ၁ဝဝ မီလီဂရမ်
အဆိုပါ သဘာဝဆေးပင်များတွင် ကယ်ရိုတင်းဒြပ်ပေါင်းများ ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်တွင်း၌ ဗီတာမင်အေအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါသည်။
သဘာဝဆေးဖက်ဝင်ဒြပ်ပေါင်းများ
ဗီတာမင်အေကို အခြေခံအားဖြင့် retinol နှင့် ကယ်ရိုတီနွိုက် ဒြပ်ပေါင်းများအဖြစ် တွေ့ရသည်။ ကယ်ရိုတီနွိုက်သည် သဘာဝတွင် ပေါများစွာတွေ့ရသော အဆီတွင်ပျော်ဝင်သည့် ရောင်ခြယ်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကယ်ရိုတီနွိုက် အမျိုးပေါင်း ၆ဝဝ ကျော်ရှိသည့်အနက် ၅ဝ ခန့်တွင် ဗီတာမင်အေ အာနိသင် ရှိပါသည်။ Alpha-carotene, beta-carotene, gamma-carotene နှင့် cryptoxanthin တို့သည် လူ၏ခန္ဓာကိုယ်ထဲတွင် ဗီတာမင်အေအဖြစ် ပြောင်းလဲသွားနိုင်သည်။ ထိုဒြပ်ပေါင်းများကို အပင်များတွင် ပေါများစွာတွေ့ရှိရသည်။ အထူးသဖြင့် ပန်းရောင်ရေညှိ၊ မုန်လာဥနီ၊ ကန်စွန်းဥဝါတို့တွင် များစွာပါဝင်ပါသည်။
ဆေးဖက်ဝင်အာနိသင်များ
ခန္ဓာကိုယ်တွင်း မျက်စိ၊ အရေပြား၊ ဆံပင်တို့တွင်ရှိသော ဆဲလ်များ ရှင်သန်ကျန်းမာရေးအတွက် များစွာအထောက်အကူ ပေးပါသည်။ ကိုယ်ခန္ဓာ၏ ခုခံစွမ်းအားစနစ်ကို မြင့်မားတိုးတက်စေရန် စွမ်းဆောင်နိုင်စွမ်းရှိသည်။ သွေးနှင့်တစ်သျှူးထဲရှိ Free radical များကို ဖျက်ဆီးဖယ်ရှားနိုင်စွမ်း ပိုမိုကောင်းမွန်စေသည်။ အရေပြားနေလောင်ခြင်းမှ ကာကွယ်ပေးပြီး အမည်းအစက်အပြောက်များဖြစ်ပေါ်ခြင်းကို လျော့နည်းစေ၍ အသားအရေစိုပြေဝင်းပစေသည်။
ရရှိနိုင်သောအကျိုးကျေးဇူးများ
- အမြင်အာရုံ ပိုမိုကောင်းမွန်စေရန်
- အသားအရေ စိုပြေလှပစေရန်
- ခန္ဓာကိုယ်ခုခံအားစနစ်ကို ပိုမိုမြင့်မားစေရန်
- ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့်ဖြစ်သော ဆိုးကျိုးများကို လျော့နည်းစေရန်
- မမျိုးဥအိမ်တွင် ရေအိတ်ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးရန်
သုံးစွဲရန်ဆေးပမာဏ
၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတစ်ပြား တစ်နေ့ နှစ်ကြိမ် အစာစားပြီးသောက်ပါ။
ဘေးထွက်ဆိုးကျိုး
ကယ်ရိုတီနွိုက်ကို သတ်မှတ်ထားသော ပမာဏအတိုင်း သောက်သုံးပါက ကြီးမားသောဘေးထွက်ဆိုးကျိုးမရှိပါ။ သို့သော် ပမာဏ အများအပြားကို ရေရှည်သောက်သုံးပါက အရေပြားတွင် အနည်းငယ် အဝါရောင်သန်းခြင်းမျိုး ဖြစ်နိုင်ပါသည်။
သတိပြုရန်
ထားသိုစဥ်အတွင်း ကယ်ရိုတီနွိုက်ဒြပ်ပေါင်းများ ပျက်စီးမှုမရှိစေရန်နှင့် အာနိသင်ကောင်းမွန်စေရန် ဆေးဘူးဖွင့်ပြီး တစ်လအတွင်း သောက်သုံးသင့်ပါသည်။
ထုပ်ပိုးပုံ
ဆေးတစ်ဘူးလှင် ဆေးပြား (၆ဝ) ပါဝင်ပါသည်။
