ပျိုရွယ်နုဆေး


ဆိုက်ကလိုအက်စထရာဂျီနော ပါဝင်သော
မွန်ဂိုပဲပင်အမြစ်အဆီအနှစ် ……….. ၁ဝဝ မီလီဂရမ်
ခိုင်တိုစန်အမှုန့် ………………………….. ၅ဝ မီလီဂရမ်
ရရှိနိုင်သော အကျိုးကျေးဇူးများ
- ကိုယ်ခန္ဓာကြံ့ခိုင်စေပြီး ကျန်းမာနုပျိုလှပစေသည်။
- အသက်အရွယ်ကြီး၍ ဖြစ်ပွားသော ခန္ဓာကိုယ်တွင်း ပျက်စီးမှုများကို နှေးကွေးစေသည်။
- ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေသည်။
မွန်ဂိုပဲပင်အမြစ်ကို တရုတ်တိုင်းရင်းဆေးတွင် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်းက ကျန်းမာနုပျိုစေရန် အသုံးပြုခဲ့ကြသည်။ ထိုဆေးပင်တွင် ပါဝင်သော ဆိုက်ကလို အက်စထရာဂျီနော ဒြပ်ပေါင်းသည် triterpenoid saponin အမျိုးအစားဖြစ်သည်။ ထိုဒြပ်ပေါင်းသည် အိုမင်းခြင်းဖြစ်စဉ်ကို နှေးကွေးစေပြီး အသက်အရွယ်ကြောင့်ဖြစ်သော ရောဂါများနှင့် အရေးအကြောင်းများကို လျော့နည်း စေသည့်အတွက် အရွယ်တင် ကျန်းမာစေရန် အသုံးပြုခဲ့ကြသည်။
တယ်လိုမဲရေ့စ် လုပ်ဆောင်ချက်ကို တိုးတက်စေခြင်း
လူ့ခန္ဓာကိုယ်၏ဆဲလ်များအတွင်းရှိ ခရိုမိုဆုမ်းများတွင် ပါဝင်နေသည့် တယ်လိုမဲရာနှင့် တယ်လိုမဲရေ့စ်တို့မှာ ဇရာကို အန်တုရာ၌အရေးပါကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ တယ်လိုမဲရာ များသည် ခရိုမိုဆုမ်း၏ အစွန်းထိပ်ဖျားတွင် ဦးထုပ်သဖွယ် တည်ရှိပြီး ခရိုမိုဆုမ်းများကို မပျက်စီးစေရန် ကာကွယ်ပေးသည်။ ဆဲလ်ပွားများမှု အကြိမ်ရေများလာသည်နှင့်အမျှ တယ်လိုမဲရာများ ပို၍တိုလာလေ ဖြစ်သောကြောင့် အသက်ရှည် ကျန်းမာစေရန် အတွက်တယ်လိုမဲရာများရှည်နေရန်မှာ အရေးကြီးသည်။ ယင်းသို့ ထိန်းသိမ်းရာတွင် အရေးပါဆုံးမှာ တယ်လိုမဲရေ့စ် အင်ဇိုင်းများ ဖြစ်သည်။ CAG သည် တယ်လိုမဲရေ့စ်အင်ဇိုင်းများ၏ လုပ်ငန်းဆောင်တာများကို လှုံ့ဆော်ပေးသော တန်ဖိုးကြီး ဆေးဖက်ဝင် ဒြပ်ပေါင်းဖြစ်သည်။
ဓာတ်တိုးခြင်းဖြစ်စဉ်ကို တိုက်ဖျက်ပေးခြင်း
လူသားတို့ အိုမင်းလာရသည့် အကြောင်းအရင်းများတွင် ဓာတ်တိုးခြင်းဖြစ်စဉ်မှာ တစ်ခုအပါအဝင် ဖြစ်သည်။ ဓာတ်တိုးခြင်းကို မထိန်းချုပ်နိုင်ပါက ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် ဆီးချိုရောဂါ စသော နာတာရှည်ရောဂါများ ဖြစ်ပွားမှုကို ပိုမိုဆိုးရွားစေနိုင်သည်။ CAG သည် ဓာတ်တိုးခြင်းကို ဆန့်ကျင်နိုင် သည့် အကောင်းဆုံးသော အင်တီအောက်ဆီဒင့်တစ်မျိုး ဖြစ်ရုံသာမက အခြားအင်တီအောက်ဆီဒင့် များ၏ အစွမ်းအာနိသင်ကိုပါ တိုးစေသည်။ ထို့ကြောင့် အသက်အရွယ်ကြီး၍ ဖြစ်သော ခန္ဓာကိုယ်တွင်း ပျက်စီးမှုများကို လျှော့ချပေးပြီး အိုမင်းခြင်းကို နှေးကွေးစေသည်။
Glycation ဖြစ်စဉ်ကို တားဆီးပေးခြင်း
Glycation products များသည် ဓာတ်တိုးဖြစ်စဉ်ဖြစ်ပြီးနောက် တစ်သျှူးများ အိုမင်းပျက်စီးလာခြင်းနှင့် ဆက်နွယ်သော အချိုဓာတ်စုပုံရာမှ ဖြစ်ပေါ်လာသည့် မကောင်းသော ပစ္စည်းများဖြစ်သည်။ CAG သည် ဆီးချိုလက္ခဏာနှင့် ဆက်နွယ်သော ခန္ဓာကိုယ်တွင်း ပြောင်းလဲပျက်စီးခြင်းကို လျှော့ချပေးနိုင်သည့် အတွက် ကျန်းမာနုပျိုခြင်းကို အထောက်အကူပြုသည်။
ခရမ်းလွန်ရောင်ခြည်ကြောင့် အိုမင်းရင့်ရော်ခြင်းကို တားဆီး ပေးခြင်း
သိပ္ပံနည်းကျ လေ့လာချက်များအရ CAG သည် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြား ထိခိုက်ပျက်စီး ခြင်းကို ကာကွယ်ပေးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းလက္ခဏာများကို လျော့နည်း စေနိုင်ပါသည်။ ခိုင်တိုစန်၏ စေးကပ်နိုင်စွမ်းကြောင့် ဆိုက်ကလိုအက်စထရာ ဂျီနောကို အူလမ်းကြောင်းမှ စုပ်ယူမှု အားကောင်းစေပြီး ဆေးအာနိသင် ပိုမိုကောင်းမွန်စေပါသည်။
သုံးစွဲရန်ဆေးပမာဏ
လူကြီး – တစ်ခါသောက်ဆေးတစ်တောင့်၊ တစ်နေ့နှစ်ကြိမ် အစာနှင့်ခြား၍သောက်ပါ။
ဘေးထွက်ဆိုးကျိုး
သတ်မှတ်ထားသော ဆေးပမာဏအတိုင်း သောက်သုံးပါကကြီးမားသော ဘေးထွက်ဆိုးကျိုး မရှိပါ။
အသုံးမပြုသင့်သောအခြေအနေများ
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကင်ဆာရောဂါရှိသူများ (သို့) ကင်ဆာရောဂါဖြစ်ဖူးသူများ မသောက်သုံးသင့်ပါ။
ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆ဝ) ပါဝင်ပါသည်။
