အအေးမိတုပ်ကွေးရောဂါကုဆေး
For acute respiratory tract infection


ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်းများ
ဆေးပြောင်းပန်း အဆီအနှစ် ………….. ၃၀၀ မီလီဂရမ်
ကွမ်းရွက် အဆီအနှစ် ………………………..၂၀ မီလီဂရမ်
ငရုတ်ကောင်း အဆီအနှစ် ………………….၂၀ မီလီဂရမ်
ချင်း အဆီအနှစ် ………………………………..၂၀ မီလီဂရမ်
ခရမ်းကစော့ အဆီအနှစ် …………………..၂၀ မီလီဂရမ်
ဆေးဖက်ဝင်အာနိသင်များ
Echinacea သည်သွေးဖြူဥများ၏ လုပ်ငန်းဆောင်တာဖြစ်သည့် ရောဂါပိုးများအား တိုက်ခိုက်နိုင်စွမ်းကို မြင့်တက်အောင် ပြုလုပ်ပေးသည်။ ပါဝင်သည့် Polysaccharide arabinogalactan သည်လည်း macrophage များ၏ လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေရန်အတွက် ခန္ဓာကိုယ်မှ ကိုယ်ခံစွမ်းအားကို လှုံ့ဆော်ပေးသည့် ပစ္စည်းများကို ထွက်ရှိစေပါသည်။ ထို့အပြင် ရောင်ရမ်းခြင်းကို သက်သာစေသည်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါများကိုလည်း ဟန့်တားနိုင်စွမ်းရှိသည်။
သုံးစွဲနိုင်သောရောဂါများ
◆ မကြာခဏ ဖျားနာခြင်း
◆ အဆုတ်ပွခြင်း၊ အအေးမိနှာစေးရောဂါ ကာကွယ်ခြင်းနှင့် ကုသခြင်း
◆ အထက်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ ချောင်းဆိုးခြင်း
သုံးစွဲနိုင်သောဆေးပမာဏ
၅ နှစ် မှ ၁၂ နှစ် အထိ – တစ်ခါသောက် ဆေးတစ်ပြား၊ တစ်နေ့ နှစ်ကြိမ်၊
၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးနှစ်ပြား၊ တစ်နေ့ နှစ်ကြိမ် ၇ ရက်မှ ၁၄ ရက်အထိ အစာစားပြီး သောက်ပါ။
ဘေးထွက်ဆိုးကျိုး
လူနာအနည်းစုတွင်ဆေးသောက်ပြီး အရေပြားအပိန့် ထွက်ခြင်းနှင့် ခေတ္တခဏလျှာထုံကျဉ်ခြင်း ဖြစ်နိုင်ပါသည်။
အသုံးမပြုသင့်သောအခြေအနေများ
◆Echinacea သည် ကိုယ်ခံစွမ်းအားကို လှုံ့ဆော်ပေးခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ အရေပြားနှင့် အဆစ်အမျက်များ ရောင်ရမ်းပျက်စီးစေသည့် ဝေဒနာများ (autoimmune diseases, collagen diseases and multiple sclerosis) တွင် မသုံးသင့်ပါ။
◆ ၈ ပတ်ထက်ပို၍မသောက်သင့်ပါ။ TB နှင့် AIDS ကဲ့သို့ နာတာရှည် ကိုယ်ခံအားကျဆင်းသည့် ရောဂါများတွင် ကိုယ်ခံစွမ်းအားတက်စေရန်အတွက် အသုံးမပြုသင့်ပါ။
◆ ၂ နှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မသုံးရပါ။
အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲမှု
ခုခံအားလျော့နည်းစေသော ဆေးများနှင့် တွဲဖက်သောက်သုံးလိုပါက ကျွမ်းကျင်သော သမားတော်နှင့် ပြသ၍ အသုံးပြုသင့်ပါသည်။
ထုပ်ပိုးပုံ
ဆေးတစ်ကတ်လျှင် ဆေးပြား (၁၀) ပြား၊ ဆေးတစ်ဘူးလျှင် ဆေးကတ် (၂) ကတ် ပါဝင်ပါသည်။