နနွင်းဆေး

Gastric mucosal defense

Curcumin
Curcumin

ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်း

Curcumin ဒြပ်ပေါင်းပါဝင်သော နနွင်းအဆီအနှစ် …………… ၂ဝဝ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ

အစာအိမ်နှင့် အူလမ်းကြောင်းလုပ်ဆောင်ချက်များကို ကောင်းမွန်စေခြင်း

နနွင်းတွင်ပါဝင်သော Curcumin  ဒြပ်ပေါင်းသည် အစာအိမ် အနာကျက်ခြင်းကိုအားပေးပြီး ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း ဝေဒနာများကို လျော့နည်းသက်သာစေသည်။ စိတ်ဖိစီးမှုများခြင်း၊ အရက်သောက်ခြင်း၊ အကိုက်အခဲပျောက်ဆေး သုံးစွဲခြင်းတို့ကြောင့် အစာအိမ်နာဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။

ရောင်ရမ်းခြင်းကို သက်သာစေခြင်း 

နနွင်းတွင်ပါဝင်သော Curcumin  ဒြပ်ပေါင်းသည် ရောင်ရမ်းခြင်း ဖြစ်စဥ်တွင်ပါဝင်သော COX-2, nuclear factor kappa-Bနှင့် arachidonic acid တို့၏ လုပ်ဆောင်ချက်များကို ဟန့်တားပေးခြင်းဖြင့် ရောင်ရမ်းခြင်းကို သက်သာစေသည်။ ထို့အပြင်ခန္ဓာကိုယ်တွင်း၌ ရောင်ရမ်းခြင်းကို လျော့နည်းသက်သာစေသော steroid များထွက်ခြင်းကိုလည်း အားပေးသည်။

အော်ဇိုင်းမားရောဂါကို သက်သာစေခြင်း  

Curcumin သည် အော်ဇိုင်းမားရောဂါကိုဖြစ်စေသော beta amyloid fibrils ဖြစ်စဥ်ကို လျှော့ချပေးနိုင်သည်။ ထိုဒြပ်ပေါင်းသည် အရောင်ကျစေခြင်းနှင့် အင်တီအောက်စီဒင့် အာနိသင်ရှိခြင်းတို့ကြောင့် အသက်အရွယ်ကြီးရင့်၍ အာရုံကြောချို့ယွင်းခြင်းဆိုင်ရာရောဂါများ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်သည်။

သွေးကြောပိတ်ခြင်းကို လျှော့ချပေးနိုင်ခြင်း 

နနွင်းတွင်ပါဝင်သော Curcumin  ဒြပ်ပေါင်းသည် သွေးကြော ပိတ်ခြင်းကို ဟန့်တားပေးနိုင်ပြီး သွေးတွင်းရှိ မကောင်းသောအဆီများကိုလည်း လျော့နည်းစေသည်။ သွေးဥမွှားစုခဲခြင်းကို ဟန့်တားပေးနိုင်ပြီး သွေးခဲများကိုပျော်စေသော အာနိသင်လည်းရှိပါသည်။

သုံးစွဲရန်ဆေးပမာဏ

၁၂ နှစ် နှင့်အထက် – တစ်ခါသောက်ဆေးပြားတစ်ပြား၊ တစ်နေ့သုံးကြိမ် အစာစားပြီးသောက်ပါ။

ဘေးထွက်ဆိုးကျိုးများ

ဆေးသောက်နေစဥ်အတွင်း အချို့သောသူများတွင် ဝမ်းချုပ် ခြင်းနှင့် ဆံပင်ကျွတ်ခြင်းတို့ ဖြစ်နိုင်ပါသည်။

သတိပြုရန်

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ သည်းခြေကျောက်ရှိသူ များ၊ သွေးအားနည်းသူများ ကျွမ်းကျင်သောသမားတော်နှင့်ပြသပြီးမှ အသုံးပြုပါ။ မည်သို့သော ခွဲစိတ်မှုမျိုးတွင်မဆို မခွဲစိတ်မီ နှစ်ပတ်ကြိုတင်၍ ဆေးသောက်သုံးမှုကို ရပ်တန့်သင့်ပါသည်။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးပြား (၆ဝ) ပါဝင်ပါသည်။

 

Copyright© 2026 FAME Pharmaceuticals Industry Co., Ltd. All rights reserved.