ချင်းသောက်ဆေး

Natural antiemetic

Vomigin
Vomigin

ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်းများ
ချင်းအဆီအနှစ် …………………………… ၁၅၀ မီလီဂရမ်
ဖာလာစေ့အဆီအနှစ် ……………………. ၂၅ မီလီဂရမ်
သစ်ကြံပိုးအခေါက်အဆီအနှစ် ……… ၂၅ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ
ချင်း သည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် အစာအိမ်လမ်းကြောင်းရောဂါများနှင့် ပျို့အန်ခြင်းဝေဒနာများ ကုသရာတွင် အသုံးများခဲ့သော ဆေးဖက်ဝင် အပင်တစ်မျိုး ဖြစ်ပါသည်။ ချင်းတွင် ပါဝင်သော gingerols, zingerones နှင့် shogaols အစရှိသည့် ဒြပ်ပေါင်းများသည် ဦးနှောက်ရှိ အန်ခြင်းကို ဖြစ်ပေါ်စေသော နေရာကို ထိန်းချုပ်ဟန့်တားပေးနိုင်စွမ်း ရှိပါသည်။ ထို့အပြင် အစာအိမ်အူလမ်းကြောင်းတစ်လျှောက်ရှိ ကြွက်သားများ ကျုံ့ဝင်ခြင်းကို လျော့နည်းစေပြီး အစာခြေရည်နှင့် အက်ဆစ်ဓာတ်တို့ကြောင့် အစာလမ်းကြောင်း ထိခိုက်မှုမှလည်း ကာကွယ်ပေးသည်။

ဖာလာစေ့ အဆီအနှစ်တွင် ပါဝင်သော borneol, pinene နှင့် caryophyllene ဒြပ်ပေါင်းများသည် ပျို့အန်ခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။

သစ်ကြံပိုးအခေါက် တွင် cinnamaldehyde နှင့် eugenol ဒြပ်ပေါင်းများ အဓိကပါဝင်ပါသည်။ ထိုဒြပ်ပေါင်းများသည် ခံတွင်းမြိန်စေပြီး အစာအိမ်နှင့် အူလမ်းကြောင်းရှိ အစာခြေစနစ်ကို ကောင်းမွန်စေသည့်အတွက် ပျို့အန်ခြင်းကို လျော့နည်းသက်သာစေသည်။ သစ်ကြံပိုးခေါက်ကို ကြိုတင်သောက်သုံးပါက ခရီးသွားစဉ် အော်ဂလီဆန်၍ မူးဝေခြင်းနှင့် လှိုင်းမူးခြင်းများကိုလည်း ဟန့်တားနိုင်သော အာနိသင်ရှိပါသည်။

သုံးစွဲနိုင်သောရောဂါများ
◆ မူးဝေခြင်း၊ ပျို့အန်ခြင်းအမျိုးမျိုး၊ အထူးသဖြင့် ခရီးသွားစဉ် ကားမူးခြင်း၊ လှိုင်းမူးခြင်း၊ လေယာဉ်မူးခြင်းနှင့် ကျီးပေါင်းကြောင့်
မူးဝေခြင်းတို့ကို သက်သာစေရန် အသုံးပြုနိုင်ပါသည်။

သုံးစွဲရန်ဆေးပမာဏ
လူကြီး – တစ်ခါသောက် ဆေးတစ်ပြားမှ နှစ်ပြား၊ တစ်နေ့ နှစ်ကြိမ် အစာမစားမီ သောက်ပါ။
ကားမူးခြင်း၊ လှိုင်းမူးခြင်း၊ လေယာဉ်မူးခြင်းတို့ကို ကာကွယ်ရန်အတွက် ခရီးမသွားမီ နာရီဝက်ကြိုတင်၍ သောက်ပါ။

ဘေးထွက်ဆိုးကျိုး
အချို့သောသူများတွင် ရင်ပူခြင်း ဖြစ်နိုင်ပါသည်။

ထုပ်ပိုးပုံ
ဆေးတစ်ကတ်လျှင် ဆေးပြား (၁၀) ပြား၊
ဆေးတစ်ဘူးလျှင် ဆေးကတ် သုံးကတ် ပါဝင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.