ရွက်စုံအားဖြည့်ဆေး

Vegetable complex

Vegeplex
Vegeplex

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောပစ္စည်းများ
ဟင်းနုနယ်ရွက်အမှုန့် …………. ၈၀ မီလီဂရမ်
ကင်ပွန်းချဉ်ရွက်အမှုန့် ………… ၈၀ မီလီဂရမ်
ချဉ်ပေါင်ရွက်အမှုန့် …………….. ၈၀ မီလီဂရမ်
ကန်စွန်းရွက်အမှုန့် ………………. ၈၀ မီလီဂရမ်

ရရှိနိုင်သောအကျိုးကျေးဇူးများ
◆ ဟင်းသီးဟင်းရွက် အစားနည်းသူများတွင် ဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်များ ဖြည့်ပေးရန်
◆ ဝမ်းမှန်စေရန်
◆ ခန္ဓာကိုယ်အလေးချိန် ထိန်းညှိရန်
◆ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များဖယ်ရှားရန်

ရွက်စုံအားဖြည့်ဆေးတွင် ပါဝင်သော အပင်မှရသည့် အကျိုးပြုအက်စစ်ဓာတ်နှင့် အမျှင်ဓာတ်တို့သည် အူလမ်းကြောင်း၏ လုပ်ဆောင်ချက်များကို ကောင်းမွန်စေပြီး ဝမ်းမှန်စေသည်။ အဆီဓာတ်များ ချေဖျက်ခြင်းကို အားပေးခြင်းဖြင့် အဆီပမာဏကို လျော့နည်းစေပြီး ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေနိုင်သည်။ ဟင်းသီးဟင်းရွက်များကို စားသုံးခြင်းသည် ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များ လျှော့ချပေးနိုင်ပြီး အဖုအကျိတ် ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သည်။

သုံးစွဲရန်ဆေးပမာဏ
၂ နှစ် မှ ၁၂ နှစ် အထိ – တစ်ခါသောက် ဆေးတောင့် တစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် သောက်ပါ။
၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတောင့် နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် သောက်ပါ။
လိုအပ်လျှင်တိုး၍ သောက်နိုင်ပါသည်။

ဘေးထွက်ဆိုးကျိုး
သတ်မှတ်ထားသော ပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုး မရှိပါ။

အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲမှု
ဝမ်းချုပ်တတ်သောသူများတွင် ပရိုဘိုင်အိုတစ် (ဒိန်ချဉ်ဆေး) နှင့် တွဲဖက်သောက်သုံးပါက အာနိသင် ပိုကောင်းစေပါသည်။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.