ကရမ်ဘယ်ရီ

For urinary tract infection

Uritec
Uritec

ဆေးတောင့်တစ်တောင့်တွင်ပါဝင်သောဆေးပစ္စည်း
Proanthocyanidin ပါဝင်သော
ကရမ်ဘယ်ရီသီး အဆီအနှစ် …….၁ဝဝ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ
ကရမ်ဘယ်ရီတွင် ပါဝင်သော Proanthocyanidins (PACs) ဒြပ်ပေါင်းသည် ရောဂါဖြစ်စေနိုင်သော ဘက်တီးရီးယားများ တွယ်ကပ်ခြင်းကို ဟန့်တားပေးနိုင်သည်။ အခြားသော Flavonoid ကြွယ်ဝသော အပင်များတွင် တွေ့ရတတ်သည့် PACs အမျိုးအစားနှင့်မတူဘဲ ထူးခြားသည့် A-type အမျိုးအစားဖြစ်သည်။ အမျိုးသမီးများတွင် အဖြစ်များသော ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ (UTIs) သည် အများအားဖြင့် E.coli ဘက်တီးရီးယားကြောင့် ဖြစ်ပွားတတ်သည်။
Proanthocyanidins (PACs) ဒြပ်ပေါင်းသည် E.coli ဘက်တီးရီးယား၏ ပုံသဏ္ဌာန်ကို ပြောင်းပေး၍ ဆဲလ်နံရံကို ဖျက်ဆီးခြင်းဖြင့် ဆီးအိမ်နံရံတွင် ဘက်တီးရီးယား ကပ်ငြိခြင်းကို တားဆီးပေးသဖြင့် ဆီးလမ်းကြောင်းတစ်လျှောက် ပိုးဝင်ခြင်းကို သက်သာစေပြီး ပြန်လည်မဖြစ်စေရန် ကာကွယ်ပေးနိုင်ပါသည်။ ဆီးအနံ့ပြင်းခြင်းကိုလည်း လျှော့ချပေးသည်။

သုံးစွဲနိုင်သောရောဂါ
ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ပြန်လည်ဖြစ်ပွားခြင်းတွင် အသုံးပြုနိုင်ပါသည်။

သုံးစွဲရန်ဆေးပမာဏ
၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတစ်တောင့်မှ  နှစ်တောင့် တစ်နေ့နှစ်ကြိမ် အစာစားပြီးသောက်ပါ။

ဘေးထွက်ဆိုးကျိုး
သတ်မှတ်ထားသောပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုး မရှိပါ။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆ဝ) ပါဝင်ပါသည်။

Copyright© 2025 FAME Pharmaceuticals Industry Co., Ltd. All rights reserved.