ဆင်တုံးမနွယ်ပျားရည်


ဆေးတစ်ပုလင်းတွင် ပါဝင်သောဆေးပစ္စည်းများ
ဆင်တုံးမနွယ်ပျားရည် (၁ဝ) မီလီလီတာတွင်
ဆင်တုံးမနွယ်အဆီအနှစ် ………… ၂.၅ မီလီလီတာ
သဘာဝပျားရည် …………………… ၇.၅ မီလီလီတာ
ရရှိနိုင်သောအကျိုးကျေးဇူးများ
အဆစ်အမျက်ရောင် ရောဂါကို သက်သာစေရန်၊ ကိုယ်ခံစွမ်းအားတက်စေရန်၊ အသက်ရှည်နုပျိုစေရန်။
သုံးစွဲရန်ဆေးပမာဏ
၂ နှစ် မှ ၁၂ နှစ် အထိ – လက်ဖက်ရည်ဇွန်း တစ်ဇွန်း တစ်နေ့ နှစ်ကြိမ်၊
၁၂ နှစ် နှင့် အထက် – လက်ဖက်ရည်ဇွန်း တစ်ဇွန်းမှ နှစ်ဇွန်း တစ်နေ့နှစ်ကြိမ်၊ အစာစားပြီး သောက်ပါ။
သတိပြုရန်
ပျားဝတ်မှုန်နှင့် ဓာတ်မတည့်သူများ သတိပြုရန်။
သမအောင် မွှေပြီးသောက်ပါ။
ထားသိုရန်
နေရောင်ခြည် တိုက်ရိုက်ကျရောက်သော နေရာကိုရှောင်ကြဉ်၍ အေးပြီးခြောက်သွေ့သော နေရာတွင်ထားပါ။
ထုပ်ပိုးပုံ
ဖန်ပုလင်းတစ်လုံးတွင် ၂၅၀ မီလီလီတာ ပါဝင်သည်။