ဆင်တုံးမနွယ်ဆေး

Natural anti-inflammatory agent

Tinoflam
Tinoflam

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ
ဆင်တုံးမနွယ်ပင်စည် ………… ၁.၅ ဂရမ်
မိုးမခအခေါက် …………………… ဝ.၃ ဂရမ် တို့မှ ထုတ်ယူရရှိသော အဆီအနှစ်များ ပါဝင်ပါသည်။

ဆေးဖက်ဝင်အာနိသင်များ
၁။ ကိုက်ခဲခြင်းနှင့် ရောင်ရမ်းခြင်းများတွင် အသုံးပြုခြင်း
ဆင်တုံးမနွယ်
ဆင်တုံးမနွယ်တွင် ပါဝင်သော Syringin နှင့် Cordiol ဆေးဖက်ဝင်ဒြပ်ပေါင်းများသည် ရောင်ရမ်းခြင်းဖြစ်စဉ်တွင် ပါဝင်သော အင်ဇိုင်းများကို ဟန့်တားနိုင်စွမ်းရှိသည့်အတွက် အဆစ်အမျက်ရောင်ရောဂါအမျိုးမျိုးကို သက်သာစေသည်။ သွားဖုံး၊ အာသီးနာကျင်ရောင်ရမ်းခြင်း၊ အဆုတ်လေပြွန်ရောင်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ အသည်းရောင်အသားဝါဖြစ်ခြင်း၊ ဆီးအိမ်ရောင်ခြင်း၊ ဆီးပူခြင်း အစရှိသည့် ရောင်ရမ်းခြင်းများကို လျော့နည်းသက်သာစေပါသည်။

မိုးမခ
မိုးမခအခေါက်တွင် Salicin ဒြပ်ပေါင်း အဓိကပါဝင်ပြီး Phenolic glycosides များဖြစ်သည့် Salicortin, Tremulactin ဒြပ်ပေါင်းများလည်း ပါဝင်ပါသည်။ Salicin ဒြပ်ပေါင်းသည် ကိုယ်ခန္ဓာ ရောင်ရမ်းနာကျင်စေသော အင်ဇိုင်းများကို ဟန့်တားစေနိုင်သည်။ မိုးမခပင်မှ ထုတ်ယူရရှိသော သဘာ၀ Salicin သည် အစာအိမ်ကို ထိခိုက်စေခြင်း မရှိသည့်အတွက် ရေရှည်အသုံးပြုနိုင်ပါသည်။

၂။ အရွယ်တင်စေခြင်း
ဆင်တုံးမနွယ်တွင် ပါဝင်သော Antioxidant များသည် အခြားအရေးပါသော Antioxidant နှစ်မျိုးဖြစ်သည့် Glutathione နှင့် Vitamin C တို့ကိုလည်း များပြားလာအောင် ကူညီပေးသည်။ ထို့ကြောင့် အသက်ငါးဆယ်ကျော် ကျား၊ မ မရွေး မှီဝဲသင့်သော ဆေးစွမ်းတစ်လက် ဖြစ်ပါသည်။

ရရှိနိုင်သောအကျိုးကျေးဇူးများ
◆ ကြွက်သားရောင်ရမ်းနာကျင်ခြင်းကို သက်သာစေခြင်း
◆ အဆစ်အမျက်များရောင်ခြင်းကို လျော့ပါးသက်သာစေခြင်း
◆ အရွယ်တင်စေခြင်း

သုံးစွဲရန်ဆေးပမာဏ
၂ နှစ် မှ ၁၂ နှစ် အထိ – တစ်ခါသောက် ဆေးတစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာစားပြီး သောက်ပါ။
၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာစားပြီး သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ
အချို့သောသူများတွင် ဓာတ်မတည့်ခြင်းနှင့် ဝမ်းဗိုက်မအီမသာ ဖြစ်ခြင်းတို့ ဖြစ်နိုင်ပါသည်။

သတိပြုရန်
အရက်နှင့်တွဲ၍ မသောက်သင့်ပါ။

အသုံးမပြုသင့်သော အခြေအနေများ
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မသောက်သုံးသင့်ပါ။

ထုပ်ပိုးပုံ
ဆေးတစ်ကတ်လျှင် ဆေးတောင့် (၁၀) တောင့်၊
ဆေးတစ်ဘူးလျှင် ဆေးကတ် (၃) ကတ်ပါဝင်ပါသည်။
ဆေးတောင့် (၆၀)ဝင် ဆေးဘူးနှင့်လည်း ထုတ်လုပ်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.