ရွက်ချိုမှုန့်

Zero Calorie Natural Sweetener

Stevia
Stevia ဆိုတာဘာလဲ?
Stevia (စတီးဗီးယား) လို့ခေါ်တဲ့ အပင်ရဲ့အရွက်ဟာ သကြားလိုပဲ ချိုတဲ့အရသာရှိပြီး ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီနဲ့ အချိုဓာတ် လုံးဝမတက်စေတဲ့
သဘာဝအချိုပစ္စည်း ဖြစ်ပါတယ်။

Stevia က သကြားလိုချိုပြီး ဘာလို့ ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီနဲ့ အချိုဓာတ် မတက်တာလဲ?
Stevia မှာပါတဲ့ အချိုဓာတ်ကို ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက ချေဖျက်စရာမလိုတာကြောင့် သွေးတွင်းသကြားဓာတ်နဲ့ ကယ်လိုရီကို မတက်စေနိုင်တာ ဖြစ်ပါတယ်။

Stevia ကို ဘယ်လိုသုံးရတာလဲ?
ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည်၊ မုန့်နဲ့ အစားအစာတွေ ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာ လိုအပ်သလို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
သကြားအစားထိုးသာမက ဟင်းခတ်အချိုမှုန့် အစားထိုးအနေနဲ့ပါ သုံးလို့ရပါတယ်။

Stevia ကို ဘယ်လောက်ပမာဏ သုံးရတာလဲ?
Stevia က အိမ်သုံးသကြားထက် အဆ (၃၀၀) ပိုချိုတာကြောင့် နည်းနည်းပဲသုံးရုံနဲ့ (လက်ဖက်စားဇွန်း တစ်ဇွန်းမှ နှစ်ဇွန်းခန့်) ကျန်းမာရေးနဲ့ ကိုက်ညီတဲ့
အချိုဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။

Stevia က ဘယ်သူတွေအတွက် သင့်တော်လဲ?
Stevia အချိုဓာတ်က သွားပိုးမစားစေတာကြောင့် ကလေး၊ လူကြီးမရွေး နေ့စဉ် သုံးစွဲလို့ရပါတယ်။
ဆီးချိုဝေဒနာရှင်တွေ၊ အဝလွန်သူတွေ၊ သွေးတွင်း အဆီများနေသူတွေ၊ ကိုယ်အလေးချိန် ထိန်းလိုသူတွေနဲ့ သွေးတိုးရောဂါရှိသူတွေအတွက် အဆင်ပြေစေပါတယ်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.