နာနတ်ပွင့်ဆေး
Natural medicine for influenza


ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်း
နာနတ်ပွင့် အဆီအနှစ် …………. ၂၀၀ မီလီဂရမ်
အပင်အကြောင်း
နာနတ်ပွင့်အပင်သည် တရုတ်ပြည်တောင်ပိုင်း မြန်မာပြည်မြောက်ပိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ပေါက်ရောက်ပါသည်။ အပင်ငယ်မျိုးဖြစ်ပြီး ထောင့်စွန်းငါးခုမှ ဆယ်ခုအထိ ပါဝင်သော ကြယ်ပွင့်ပုံစံအသီးများ သီးပါသည်။
ဆေးဖက်ဝင်အာနိသင်ဒြပ်ပေါင်းများ
နာနတ်ပွင့်တွင် shikimic acid, essential oil, phenylpro-panoids, sesquiterpenes များ ပါဝင်ပြီး အထူးသဖြင့် antiviral အာနိသင်ရှိသော trans-anethole, eugenol, β−eudesmol, farnesol, β−caryophyllene and β−caryophyllene oxide အစရှိသည့် essential oil များလည်း ပါဝင်ပါသည်။ နာနတ်ပွင့်တွင် ပါဝင်သော သဘာဝဒြပ်ပေါင်း Linalool သည် တုပ်ကွေးရောဂါကိုဖြစ်သည့် ဗိုင်းရပ်စ်ပိုး ပွားများလာမှုကို ဟန့်တားဖျက်ဆီးနိုင်စွမ်းရှိသည်။ ထို့အပြင် နာနတ်ပွင့်ရှိ essential oils များသည် ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်ပြီး antioxidant အာနိသင်လည်း ရှိပါသည်။
ရရှိနိုင်သောအကျိုးကျေးဇူးများ
◆ အအေးမိတုပ်ကွေးရောဂါ ကုသရာတွင် တွဲဖက်အသုံးပြုနိုင်ရန်
◆ ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို မြှင့်တင်ပေးရန်
သုံးစွဲရန်ဆေးပမာဏ
၂ နှစ် မှ ၁၂ နှစ် အထိ – တစ်ခါသောက် တစ်ခြမ်း၊ တစ်နေ့ နှစ်ကြိမ် အနည်းဆုံး (၅) ရက် ဆက်သောက်ပါ။
၁၂ နှစ် နှင့် အထက် – တစ်ခါသောက် တစ်ပြား၊ တစ်နေ့ နှစ်ကြိမ် အနည်းဆုံး (၅) ရက် ဆက်သောက်ပါ။
ဘေးထွက်ဆိုးကျိုးများ
အချို့သောသူများတွင် ကိုယ်ခန္ဓာအနည်းငယ် ယားယံခြင်းနှင့် ဝမ်းဗိုက်မအီမသာ ဖြစ်နိုင်ပါသည်။
အသုံးမပြုသင့်သောအခြေအနေများ
ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့် ၂ နှစ်အောက် ကလေးများ မသောက်ရပါ။
ထုပ်ပိုးပုံ
ဆေးတစ်ကတ်လျှင် ဆေးပြား (၁၀) ပြား၊ ဆေးတစ်ဘူးလျှင် တစ်ကတ်ပါဝင်ပါသည်။