ပဲပိစပ်ဆေး

Soy isoflavones

Soyamin
Soyamin

ဆေးပြားတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း
ပဲပိစပ် အဆီအနှစ်မှရသော soy isoflavones ………… ၈၀ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ
သဘာ၀ အမျိုးသမီးဟော်မုန်း ဖြည့်စွက်ရန်
Soy isoflavones သည် အမျိုးသမီး အီစထရိုဂျင်ဟော်မုန်းကဲ့သို့ အစွမ်းအာနိသင်ရှိသော အပင်မှရသည့် phytoestrogen ဒြပ်ပေါင်းတစ်မျိုးဖြစ်သည်။ နှစ်ပေါင်းများစွာကတည်းကပင် ဟော်မုန်းအစားထိုးကုထုံးများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အမျိုးသမီးများ သွေးမဆုံးမီကာလတွင် ခံစားရသော ဝေဒနာများသာမက သွေးဆုံးကိုင်ခြင်း လက္ခဏာများကိုပါ လျော့ပါးသက်သာစေသည်။

အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ရန်
Soy isoflavones သည် antioxidant အာနိသင်ရှိပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို လျော့ချပေးနိုင်သည်။ အသက်အရွယ် ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်တွင်း ပျက်စီးယိုယွင်းလာမှုများကြောင့် ဖြစ်လာနိုင်သော ရောဂါများကိုလည်း လျော့နည်းသက်သာစေနိုင်သည်။

နှလုံးလုပ်ဆောင်ချက်များကို ထောက်ကူပေးနိုင်ရန်
Soy isoflavones သည် သွေးတိုးရောဂါကို သက်သာစေခြင်းနှင့် ကိုလက်စထရောကို ကျစေခြင်းဖြင့် နှလုံးလုပ်ငန်းဆောင်တာများကို တိုးတက်ကောင်းမွန်စေသည်။

ရရှိနိုင်သောအကျိုးကျေးဇူးများ
◆ သွေးဆုံးကိုင်ခြင်းနှင့် သွေးဆုံးပြီး အရိုးပွသူများအတွက် သဘာဝအတိုင်းရရှိသော ဟော်မုန်းဖြည့်စွက်ရန်
◆ အိုမင်းရင့်ရော်မှုကို ကာကွယ်ရန်
◆ ကိုလက်စထရောကျစေရန်နှင့် နှလုံးရောဂါကာကွယ်ရန်

သုံးစွဲရန်ဆေးပမာဏ
၁၂ နှစ် နှင့် အထက် – တစ်နေ့လျှင် တစ်ခါသောက် ဆေးပြားတောင့် တစ်တောင့်မှ နှစ်တောင့် သောက်ပါ။ လိုအပ်ပါကတိုး၍ သောက်သုံးနိုင်ပါသည်။

ဘေးထွက်ဆိုးကျိုး
ဓာတ်မတည့်ခြင်းဖြစ်ပါက ဆက်မသောက်သင့်ပါ။

အသုံးမပြုသင့်သောအခြေအနေ
အသက် ၁၂ နှစ်အောက် ကလေးများ မသောက်ရပါ။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးပြားတောင့် (၆၀) ပါဝင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.