မိုးမခဆေး
Natural analgesic & antipyretic


ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်း
မိုးမခပင်အခေါက် အဆီအနှစ် …… ၃ဝဝ မီလီဂရမ်
ဆေးဖက်ဝင်အာနိသင်
မိုးမခပင်အခေါက်တွင် phenolic glycosides များဖြစ်သည့် salicortin နှင့် salicin ဒြပ်ပေါင်းများ ပါဝင်သည်။ Salicortin ဒြပ်ပေါင်းသည် small intestine တွင် salicin အဖြစ်သို့ ပြောင်းပြီး ထပ်မံ၍ saligenin နှင့် glucose အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ဓာတ်ပြုမှုများ ဖြစ်ပေါ်၍ အသည်းနှင့် သွေးထဲတွင် Salicylic acid အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုဒြပ်ပေါင်းသည် ကိုယ်ခန္ဓာရောင်ရမ်းနာကျင်စေသော အင်ဇိုင်းများကို ဟန့်တားနိုင်သည်။ အကိုက်အခဲပျောက်ဆေး aspirin ကဲ့သို့ platelet သွေးဥမွှားများအပေါ် သက်ရောက်မှုမရှိ၍ သွေးယိုစီးခြင်းနှင့် အစာအိမ်ကို ထိခိုက်စေနိုင်ခြင်း မရှိပါ။
သုံးစွဲနိုင်သောရောဂါများ
- ကိုယ်လက်ကိုက်ခဲခြင်း
- ကြွက်သားများ ရောင်ရမ်းနာကျင်ခြင်း
- အဆစ်အမျက်များရောင်ခြင်း
- အအေးမိဖျားနာခြင်း
သုံးစွဲရန်ဆေးပမာဏ
၁၂ နှစ် နှင့် အထက်-တစ်ခါသောက် ဆေးတစ်ပြား၊ တစ်နေ့ နှစ်ကြိမ် အစာစားပြီးသောက်ပါ။(၈)ပတ်အထိ သောက်သုံး နိုင်ပါသည်။
အသုံးမပြုသင့်သောအခြေအနေများ
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ၁၂နှစ်အောက် ကလေးငယ်များ၊ aspirin နှင့်ဓာတ်မတည့်သူများ၊ သွေးလွန်တုပ်ကွေးဖြစ် နေသောကလေးများ၊ G6PD အင်ဇိုင်းချို့တဲ့သူများနှင့် ပန်းနာ ရင်ကျပ်ရောဂါရှိသောသူများ မသောက်သင့်ပါ။
ထုပ်ပိုးပုံ
ဆေးတစ်ကတ်လျှင် ဆေးပြား (၁ဝ) ပြား၊ ဆေးတစ်ဘူးလျှင် သုံးကတ်ပါဝင်ပါသည်။
