စပျစ်သီးဆေး

Cellular Energy Booster

Resveratrol
Resveratrol

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း
စပျစ်သီး အဆီအနှစ်နှင့် ဂျပန်ဘုတ်တောင်ပင် အဆီအနှစ်မှရသော
Resveratrol ဒြပ်ပေါင်း ……….. ၅၀ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ
အာရုံကြောဆိုင်ရာရောဂါများ ဖြစ်ပွားခြင်းကို လျော့နည်းစေခြင်း
Resveratrol သည် sirtuins ဟုခေါ်သော ပရိုတင်းတစ်မျိုးကို လှုံ့ဆော်ပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များ၏ သက်တမ်းကို ရှည်ကြာစေသည်။ အစွမ်းထက်အင်တီ အောက်ဆီဒင့်ဖြစ်သောကြောင့် အိုမင်းရင့်ရော်ခြင်းနှင့် ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးသည်။ ထို့အပြင် ဦးနှောက်အတွင်းရှိ အာရုံကြော ချို့ယွင်းခြင်းနှင့် အော်ဇိုင်းမားရောဂါဖြစ်စေသော ဓာတ်ပစ္စည်းများကိုလည်း လျော့နည်းစေသည့်အတွက် အာရုံကြောရောဂါများကို သက်သာစေသည်။

နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း
စပျစ်သီးအဆီအနှစ်တွင် ပါဝင်သော Resveratrol ဒြပ်ပေါင်းသည် မကောင်းသောအဆီဓာတ် (LDL) တိုးခြင်း၊ သွေးကြောများ၏ ကြွက်သားဆဲလ်များပွားခြင်း၊ သွေးဥမွှားများစုပုံခြင်း၊ လူတို့၏ သွေးဥမွှားများမှတစ်ဆင့် သွေးကြောကျဉ်းခြင်းကို ဖြစ်စေသည့် eicosanoids များထုတ်လုပ်မှုကို လျှော့ချခြင်းနှင့် eNOS ၏ လုပ်ငန်းဆောင်တာများကို လှုံ့ဆော်ပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုပါသည်။

မြစ်ပွားနာရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးခြင်း
Resveratrol သည် မြစ်ပွားနာရောဂါဖြစ်စေသော ဓာတ်ပစ္စည်းများ၏ အဆိပ်အတောက်ကို ချေဖျက်ပေးနိုင်သည်။ မြစ်ပွားနာဆဲလ်ပွားခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ဟန့်တားပေးပြီး ဆဲလ်သေခြင်းဖြစ်စဉ်ကို အားပေးသည်။

ရရှိနိုင်သော အကျိုးကျေးဇူးများ
◆ ဦးနှောက်နှင့် အာရုံကြော လုပ်ငန်းများကို ပိုမိုကောင်းမွန်စေခြင်း
◆ နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း
◆ မြစ်ပွားနာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

သုံးစွဲရန်ဆေးပမာဏ
၁၂ နှစ် နှင့် အထက် – တစ်နေ့လျှင် ဆေးတောင့် တစ်တောင့် သောက်ပါ။

ဘေးထွက်ဆိုးကျိုး
သတ်မှတ်ထားသော ဆေးပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

သတိပြုရန်
မခွဲစိတ်မီ နှစ်ပတ်အလိုတွင် ဆေးသောက်သုံးခြင်းကို ခေတ္တရပ်ထားရန် လိုအပ်ပါသည်။

အခြားသောဆေးများနှင့် ဓာတ်ပြုမှု
Resveratrol သည် သွေးကျဲဆေးများ၏ အစွမ်းအာနိသင်ကို ပိုမိုတိုးစေနိုင်သောကြောင့် တွဲဖက်၍ မသောက်သုံးသင့်ပါ။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.