ဒေါင်းကွေးဆေး

Phytoestrogen supplement

Rejuvir
Rejuvir

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ
တန်ကွေးအမြစ် အဆီအနှစ် ……… ၁၅၀ မီလီဂရမ်
ပဲပုပ်မှုန့် …………………………………….. ၁၀၀ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ
တန်ကွေးအမြစ်
တန်ကွေးကို တရုတ်တိုင်းရင်းဆေးပညာတွင် ရှေးနှစ်ပေါင်းများစွာကတည်းကပင် အသုံးပြုခဲ့ကြပါသည်။ အမျိုးသမီးရောဂါများကို ကုသရာတွင် အသုံးပြုနိုင်သောကြောင့် သွေးဆုံးကိုင်ခြင်း လက္ခဏာများကို သက်သာစေရန်၊ ဓမ္မတာထိမ်ခြင်း၊ ဓမ္မတာပေါ်စဉ် နာကျင်ကိုက်ခဲခြင်းနှင့် ဓမ္မတာမမှန်ခြင်းတို့ကို သက်သာစေရန် အသုံးပြုလျက်ရှိပါသည်။ အမျိုးသမီး အီစထရိုဂျင်ဟော်မုန်းကဲ့သို့ အာနိသင်ရှိပြီး သွေးကြောများကို ကောင်းမွန်ခိုင်ခံ့သော ဆေးဖက်ဝင်ဒြပ်ပေါင်းများ ပါဝင်သောကြောင့် သွေးဆုံးကိုင်ခြင်း လက္ခဏာတစ်ခုဖြစ်သည့် ခန္ဓာကိုယ် အပူအအေးမမျှတခြင်းကို သက်သာစေကြောင်း တွေ့ရသည်။ ထို့အပြင် သားအိမ်ကြွက်သားများကို ဖြေလျှော့စေသည့် အစွမ်းသတ္တိရှိသောကြောင့် ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်း ဝေဒနာများကို လျော့နည်းသက်သာစေပါသည်။

ပဲပုပ်
ပဲပုပ်တွင်ပါဝင်သော isoflavones နှင့် phytosterol တို့သည် အမျိုးသမီး အီစထရိုဂျင်ဟော်မုန်းကဲ့သို့ အာနိသင်ကို ပေးစွမ်းနိုင်ပါသည်။ အပင်များမှရရှိသော phytoestrogen သည် ခန္ဓာကိုယ်ထဲတွင် အမျိုးသမီးဟော်မုန်းများခြင်း (သို့) နည်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို မျှတမှုရှိစေရန် ထိန်းညှိ
ပေးနိုင်သည်။ ပဲပါဝင်သော အစားအစာများကို ပုံမှန်စားသောက်လေ့ရှိသည့် အမျိုးသမီးများတွင် သွေးဆုံးပြီးနောက် ဖြစ်လေ့ရှိသော မိန်းမကိုယ် ခြောက်သွေ့ယားယံခြင်းကို လျော့နည်းသက်သာစေကြောင်း တွေ့ရပါသည်။ ကျောရိုးတိုင်၏ သိပ်သည်းဆကို ထိန်းထားပေးနိုင်သောကြောင့် အရိုးပါးအရိုးပွ ဖြစ်ခြင်းမှလည်း
ကာကွယ်ပေးနိုင်ပါသည်။

ရရှိနိုင်သောအကျိုးကျေးဇူးများ
၁။ သွေးမဆုံးမီကာလ – လစဉ်ဓမ္မတာမှန်စေခြင်း၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း၊ မွေးဖွားပြီး သားအိမ်ကျက်စေရန် အထောက်အကူပြုခြင်း၊
၂။ သွေးဆုံးပြီးကာလ – သဘာဝအမျိုးသမီးဟော်မုန်းအဖြစ် အစားထိုးပေးသည့်အတွက် သွေးဆုံးကိုင်ခြင်း လက္ခဏာများကို သက်သာစေပြီး သွေးမဆုံးမီ အနေအထားကဲ့သို့ ပြန်လည်ရောက်ရှိစေနိုင်ပါသည်။

သုံးစွဲရန်ဆေးပမာဏ
လူကြီး – တစ်ခါသောက် ဆေးတစ်တောင့်မှ နှစ်တောင့် ညနေစာစားပြီး သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ
အချို့သောသူများတွင် ပျို့ခြင်း၊ မူးဝေခြင်းဖြစ်တတ်ပါသည်။ အစာစားပြီးမှ သောက်လျှင် ယင်းလက္ခဏာများ သက်သာနိုင်ပါသည်။

သတိပြုရန်
နေရောင်ခြည်ကို လွန်ကဲစွာဓာတ်တုံ့ပြန်သူ အချို့တွင် တန်ကွေးပင်နှင့် တောင်ရေချမ်းယားအပင်တို့ကို တွဲဖက်အသုံးမပြုသင့်ပါ။

အသုံးမပြုသင့်သောအခြေအနေများ
အသက် (၁၈) နှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ သွေးထွက်များသောရောဂါရှိသူများ၊ ရာသီသွေးများသော အမျိုးသမီးများ မသောက်ရပါ။

အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲမှု
နာတာရှည် ကျောက်ကပ်ရောဂါများကုသရာတွင် တန်ကွေးပင် (ဒေါင်းကွေးဆေး) နှင့် ကျောက်ကပ်ဆေးပင် (ကျောက်ကပ်ဆေး) တို့ကို တွဲဖက်သုံးစွဲပါက ပို၍ အာနိသင် ထက်မြက်စေနိုင်ပါသည်။

အခြားသောဆေးများနှင့် ဓာတ်ပြုမှု
သွေးခဲမှုကို ကာကွယ်သည့် ဆေးဝါးများ (anticoagulant drugs) နှင့် တွဲ၍သောက်သုံးလိုလျှင် ကျွမ်းကျင်သော ပုဂ္ဂိုလ်များ၏ အကြံဉာဏ်ကို ရယူပါ။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.