မျက်စိဆေး

Natural antioxidant for eyes

Phototec
Phototec

ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်းများ
ရွှေဖရုံသီး ………………… ၅ဝ မီလီဂရမ်
ရုံးပတီသီး ……………….. ၅ဝ မီလီဂရမ်
မာလကာသီး …………….. ၅ဝ မီလီဂရမ်
ရွှေဒင်္ဂါးပန်းအဆီအနှစ် ……၅ဝ မီလီဂရမ်

အမြင်အာရုံကို ကြည်လင်အားကောင်းစေသော ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်သည့် အပင်များမှ ထုတ်ယူရရှိသော လူတင်းဓာတ်နှင့် ဇီဇမ်သင်းဓာတ်တို့ပါဝင်ပါသည်။

ဆေးဖက်ဝင်သဘာဝဒြပ်ပေါင်းများနှင့် အကျိုးအာနိသင်
Lutein နှင့် Zeaxanthin သည် သဘာဝ oxycarotenoid အမျိုးအစားဒြပ်ပေါင်းများ ဖြစ်ပါသည်။ ထိုဒြပ်ပေါင်းများသည် အဆီတွင် ပျော်ဝင်သော သဘာဝအဝါရောင်ခြယ်ပစ္စည်းများ ဖြစ်သည်။ အထူးသဖြင့် ရွှေဖရုံသီး၊ ရုံးပတီသီး၊ မာလကာသီး၊ ရွှေဒင်္ဂါးပန်း တို့တွင် ပါဝင်ကြောင်း တွေ့ရှိရသည်။
Lutein နှင့် Zeaxanthin ဒြပ်ပေါင်းများသည် မျက်စိ၏ ပုံမှန် လုပ်ငန်းစဉ်များအတွက် အထူးအရေးပါသည်။ လူတို့အတွက် အန္တရာယ်ဖြစ်စေသော ရောင်ခြည်များကို ကာကွယ်နိုင်စွမ်းရှိပြီး အမြင်အာရုံကို ထိခိုက်စေသည့် ဓာတ်တိုးပစ္စည်းများကို ချေဖျက်နိုင်စွမ်းရှိပါသည်။
သဘာဝမှရရှိသော Lutein နှင့် Zeaxanthin ဒြပ်ပေါင်းများကို ပုံမှန် မှီဝဲစားသောက်ခြင်းဖြင့် အသက်အရွယ်နှင့် ဆက်စပ်သည့် မျက်ကြည်လွှာပျက်စီးခြင်း၊ မျက်စိအလင်းပိတ်ခြင်းများကို လျော့နည်းသက်သာစေပါသည်။

ရရှိနိုင်သောအကျိုးကျေးဇူးများ
အမြင်အာရုံအားကောင်းစေခြင်း၊ မျက်ကြည်လွှာပျက်စီးခြင်းနှင့် မျက်စိကို ခရမ်းလွန်ရောင်ခြည် အဆိပ်သင့်ခြင်းမှ လျှော့ချပေးနိုင်ခြင်း၊ အတွင်းတိမ်ဖြစ်ပွားမှုကို လျော့နည်းစေခြင်း

သုံးစွဲရန်ဆေးပမာဏ
၁၂ နှစ် နှင့်အထက်-တစ်ခါသောက် ဆေးပြားတစ်ပြားမှ နှစ်ပြား တစ်နေ့နှစ်ကြိမ် အစာစားပြီးသောက်ပါ။

ဘေးထွက်ဆိုးကျိုး
သတ်မှတ်ထားသော ပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုး မရှိပါ။

သတိပြုရန်
ထားသိုစဉ်အတွင်း ကယ်ရိုတီနွိုက်ဒြပ်ပေါင်းများ ပျက်စီးမှုမရှိစေရန်နှင့် အာနိသင်ကောင်းမွန်စေရန် ဆေးဘူးဖွင့်ပြီး တစ်လအတွင်း အသုံးပြုသင့်သည်။

အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲမှု
ကယ်ရိုတီနွိုက် (ပရိုဗီတာမင်အေ) နှင့် ကမ္ဘာဦးပင်တို့ဖြင့် တွဲဖက် သောက်သုံးပါက ပို၍ အာနိသင် ထက်မြက်ပါသည်။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးပြား (၆ဝ) ပါဝင်ပါသည်။

Copyright© 2025 FAME Pharmaceuticals Industry Co., Ltd. All rights reserved.