အရိုးသန်မာဆေး
Bone density enhancement
ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ
ပင်လယ်ရေမှော်မှရသော
အော်ဂဲနစ်ကယ်လ်စီယမ် …………………….. ၄၀၀ မီလီဂရမ်
နို့ထွက်ပစ္စည်းမှရသော ဗီတာမင်ဒီ ……….. ၄၀၀ အိုင်ယူ (၁၀ မိုက်ခရိုဂရမ်)
ရရှိနိုင်သောအကျိုးကျေးဇူးများ
◆ အော်ဂဲနစ်ကယ်လ်စီယမ် ဖြည့်စွက်ဆေးအဖြစ် အသုံးပြုရန်
◆ အရိုးပွရောဂါကို ကာကွယ်ရန်နှင့် ကုသရန်
ကယ်လ်စီယမ်သည် ခန္ဓာကိုယ်လုပ်ငန်းစဉ်များအတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်တစ်မျိုးဖြစ်သည်။
အဓိကအားဖြင့်
◆ အရိုးများသန်မာစေရန်နှင့် သွားများကြံ့ခိုင်မှုရှိစေရန် လုပ်ဆောင်ပေးသည်။
◆ သွေးဆုံးခါနီးအချိန်တွင် အဖြစ်များသော အရိုးပွခြင်းကြောင့် အရိုးကျိုးလွယ်မှုမဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။
◆ ကြွက်သားများ သန်မာထွားကျိုင်းစေရန် လိုအပ်သည်။
◆ အာရုံကြောလှုံ့ဆော်မှုစနစ်ကို ပိုမိုကောင်းမွန်စေသည်။
◆ နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေရန် ထိန်းသိမ်းပေးနိုင်ပြီး နှလုံးရောဂါဖြစ်ပွားနိုင်မှုကို လျော့နည်းစေသည်။
◆ သွေးဖိအားများခြင်းနှင့် အူမကြီးကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ရာတွင် အရေးပါသည်။
◆ ဟော်မုန်းထွက်ရှိမှုကို လှုံ့ဆော်ပေးပြီး သွေးခဲစေရန် ကူညီပေးနိုင်သည်။
သုံးစွဲရန်ဆေးပမာဏ
အသက် ၅ နှစ် မှ ၁၂ နှစ် – တစ်ခါသောက် ဆေးတစ်တောင့်၊ တစ်နေ့လျှင် တစ်ကြိမ်၊
အသက် ၁၃ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတစ်တောင့် တစ်နေ့လျှင် နှစ်ကြိမ် အစာမစားမီ သောက်ပါ။
ဘေးထွက်ဆိုးကျိုးများ
အချို့သောသူများတွင် ပျို့အန်ခြင်း၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်းတို့ ဖြစ်နိုင်ပါသည်။
အသုံးမပြုသင့်သောအခြေအနေများ
◆ သွေးတွင်း ကယ်လ်စီယမ်ဓာတ်များခြင်းနှင့် ပါရာသိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်း
အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲမှု
◆ ကယ်လ်စီယမ်သည် calcium channel blockers ၏ အာနိသင်ကို ဆန့်ကျင်ဟန့်တားနိုင်သောကြောင့် နှလုံးခုန်မူ မမှန်ခြင်းကို ဖြစ်စေနိုင်သည်။
◆ H2 blockers ESifh proton pump inhibitors ဆေးတို့သည် ကယ်လ်စီယမ်စုပ်ယူမှုကို လျော့ကျစေနိုင်သည်။
◆ ကယ်လ်စီယမ်သည် quinolones နှင့် tetracyclines ဆေးများ၏ စုပ်ယူမှုအာနိသင်ကို လျော့စေနိုင်သည်။
ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) တောင့် ပါဝင်ပါသည်။