အရိုးသန်မာဆေး

Bone density enhancement

Osteomax
Osteomax

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ
ပင်လယ်ရေမှော်မှရသော
အော်ဂဲနစ်ကယ်လ်စီယမ် ……………… ၄ဝဝ မီလီဂရမ်
နို့ထွက်ပစ္စည်းမှရသော ဗီတာမင်ဒီ …. ၄ဝဝ အိုင်ယူ (၁ဝ မိုက်ခရိုဂရမ်)

ရရှိနိုင်သောအကျိုးကျေးဇူးများ

  • အော်ဂဲနစ်ကယ်လ်စီယမ်ဖြည့်စွက်ဆေးအဖြစ် အသုံးပြုရန်
  • အရိုးပွခြင်းတွင် အသုံးပြုရန်

ကယ်လ်စီယမ်သည် ခန္ဓာကိုယ်လုပ်ငန်းစဉ်များအတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်တစ်မျိုးဖြစ်သည်။
အဓိကအားဖြင့်

  • အရိုးများသန်မာစေရန်နှင့် သွားများကြံ့ခိုင်မှုရှိစေရန် လုပ်ဆောင်ပေးသည်။
  • သွေးဆုံးခါနီးအချိန်တွင်အဖြစ်များသော အရိုးပွခြင်းကြောင့် အရိုးကျိုးလွယ်မှုမဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။
  • ကြွက်သားများသန်မာထွားကျိုင်းစေရန်လိုအပ်သည်။
  • အာရုံကြောလှုံ့ဆော်မှုစနစ်ကို ပိုမိုကောင်းမွန်စေသည်။
  • နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေရန် ထိန်းသိမ်းပေးနိုင်ပြီး နှလုံးရောဂါဖြစ်ပွားနိုင်မှုကို လျော့နည်းစေသည်။
  • သွေးဖိအားများခြင်းနှင့် အူမကြီးကင်ဆာရောဂါ ဖြစ်ပွားမှုကို လျော့ချရာတွင် အရေးပါသည်။
  • ဟော်မုန်းထွက်ရှိမှုကို လှုံ့ဆော်ပေးပြီး သွေးခဲစေရန် ကူညီပေးနိုင်သည်။

သုံးစွဲရန်ဆေးပမာဏ
အသက် ၅ နှစ် မှ ၁၂ နှစ် – တစ်ခါသောက် ဆေးတစ်တောင့်၊ တစ်နေ့လျှင်တစ်ကြိမ်
အသက် ၁၃ နှစ်နှင့်အထက် – တစ်ခါသောက် ဆေးတစ်တောင့် တစ်နေ့လျှင်နှစ်ကြိမ် အစာမစားမီ သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ
အချို့သောသူများတွင် ပျို့အန်ခြင်း၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်းတို့ ဖြစ်နိုင်ပါသည်။

အသုံးမပြုသင့်သောအခြေအနေများ

  • သွေးတွင်းကယ်လ်စီယမ်ဓာတ်များခြင်းနှင့် ပါရာသိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်း

အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲမှု

  • ကယ်လ်စီယမ်သည် calcium channel blockers ၏ အာနိသင်ကို ဆန့်ကျင်ဟန့်တားနိုင်သောကြောင့် နှလုံးခုန်မူမမှန်ခြင်းကို ဖြစ်စေနိုင်သည်။
  • H2 blockers နှင့် proton pump inhibitors ဆေးတို့သည် ကယ်လ်စီယမ်စုပ်ယူမှုကို လျော့ကျစေနိုင်သည်။
  • ကယ်လ်စီယမ်သည် quinolones နှင့် tetracyclines ဆေးများ၏ စုပ်ယူမှုအာနိသင်ကို လျော့စေနိုင်သည်။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆ဝ) တောင့် ပါဝင်ပါသည်။

Copyright© 2025 FAME Pharmaceuticals Industry Co., Ltd. All rights reserved.