ကိုယ်စိဝာ်သန်စွမ်းဆေး

Natural dopamine supplement

Neurodopa
Neurodopa

ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်း
အော်ဂဲနစ်ခွေးလှေးယားစေ့ အဆီအနှစ် ………….. ၂၀၀ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ
ပါကင်ဆင်ရောဂါတွင် အကျိုးသက်ရောက်မှု
ခွေးလှေးယားစေ့တွင် ပါကင်ဆင်ရောဂါအတွက် အစွမ်းထက်မြက်သော သဘာဝမှရသည့် levodopa (L-dopa) ပါဝင်မှု အလွန်များပြားသည်။ ပါကင်ဆင်ရောဂါသည် dopamine ဓာတ်လျော့နည်းမှုကြောင့်ဖြစ်သော အာရုံကြော ပျက်စီးချို့ယွင်းသည့် ရောဂါတစ်မျိုးဖြစ်သည်။ L-dopa သည် ဦးနှောက်မှ dopamine ပေါကြွယ်ဝစွာ ထုတ်လုပ်ရန် အားပေးသည်။ ထို့ပြင် L-dopa သည် သွေးထဲမှတစ်ဆင့် Blood Brain Barrier ကို ဖြတ်သန်းပြီး ဦးနှောက်တွင် L-dopa မှ dopamine အဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိသည်။ ထိုအစွမ်းသတ္တိများရှိသော L-dopa သည် ပါကင်ဆင်ရောဂါကို ထိန်းချုပ်ပေးနိုင်သည့်အပြင် ပျက်စီးယိုယွင်းလာသော အာရုံကြောများကို အာဟာရများ ဖြည့်တင်းပေးသည်။ ခွေးလှေးယားစေ့တွင် အင်တီအောက်စီဒင့် အာနိသင်ရှိသောကြောင့် dopamine ဓာတ် ထုတ်ပေးသော ဦးနှောက်ဆဲလ်များ သေဆုံးခြင်းမှ ကာကွယ်တားဆီးပေးနိုင်သည်။ ပါကင်ဆင်ရောဂါအတွက် အလွန်တန်ဖိုးရှိလှသော ခွေးလှေးယားစေ့ကို ဘရာဇီးနှင့် အိန္ဒိယနိုင်ငံတို့တွင် လွန်ခဲ့သောနှစ်ပေါင်း များစွာကတည်းကပင် တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြပါသည်။

အမျိုးသားခွန်အားတိုးစေခြင်း
ခွေးလှေးယားစေ့ အဆီအနှစ်သည် မဂ္ဂနီဆီယမ်ပမာဏကို များပြားစေပြီး သုက်ကောင်အရေအတွက်ကို တိုးပွားစေသည့်အတွက် မျိုးပွားနိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်သည်။ ထို့ပြင် dopamine ပါဝင်မှုကြောင့် ကာမစွမ်းအားကို တိုးစေနိုင်သည်။

ရရှိနိုင်သောအကျိုးကျေးဇူးများ
◆ ပါကင်ဆင်ရောဂါလက္ခဏာများကို သက်သာစေခြင်း
◆ အမျိုးသားခွန်အားတိုးစေခြင်း

သုံးစွဲရန်ဆေးပမာဏ
လူကြီး – တစ်ခါသောက် ဆေးတစ်ပြား၊ တစ်နေ့ တစ်ကြိမ်မှ နှစ်ကြိမ် အစာမစားမီ နာရီဝက်ကြို၍ သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ
အချို့သောသူများတွင် ဆေးသောက်ပြီးနောက် ပျို့အန်ခြင်း၊ အနည်းငယ်ခေါင်းကိုက်ခြင်းနှင့် ရင်တုန်ခြင်းတို့ ဖြစ်နိုင်ပါသည်။

သတိပြုရန်
သွေးချိုဓာတ်နည်းသူများနှင့် ယောကျ်ားဟော်မုန်းများသောသူများ ကျွမ်းကျင်သောဆရာဝန်၏ ညွှန်ကြားချက်ဖြင့် သုံးစွဲသင့်ပါသည်။

အသုံးမပြုသင့်သော အခြေအနေများ
၁၂ နှစ်အောက် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မသောက်သုံးရပါ။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးပြား (၆၀) ပါဝင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.