ကျောက်ကပ်ဆေး

Astragaloside IV

Nephrotec
Nephrotec

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း
ကျောက်ကပ်ဆေးပင်အမြစ်အဆီအနှစ် ၃၀၀ မီလီဂရမ်တွင် အက်စထရာဂလိုဆိုက်ဒ်-၄ ဒြပ်ပေါင်း ပါဝင်ပါသည်။

ပါဝင်သောဒြပ်ပေါင်းများ
ဖလေဗိုနွိုက်၊ ပိုလီဆက်ကရိုက်၊ ထရိုင်တာပင်း ဂလိုက်ကိုဆိုက်ဒ် (အက်စထရာဂလိုဆိုက်ဒ် ၁-၇)၊ ဆာပိုနင်နှင့် အမိုင်နိုအက်ဆစ် ဒြပ်ပေါင်းများ ပါဝင်ပါသည်။

သိပ္ပံနည်းကျလေ့လာစမ်းသပ်မှုများ
ကျောက်ကပ်ဆေးပင်အမြစ်၏ အာနိသင်နှင့် ပတ်သက်၍ နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရသူများတွင် စမ်းသပ်ရာ သွေးတစ်လီတာတွင် ခရစ်တနင်းပမာဏကို ၂၄၄±၅၁ မှ ၁၆၂±၆၃ မီလီမိုးသို့ လျှော့ချနိုင်ကြောင်း တွေ့ရသည်။ ကျောက်ကပ်မကောင်းသည့်သူများတွင်ပေးသော ဆေးတစ်မျိုးဖြစ်သည့် ACEI အုပ်စုဝင် Captopril ကဲ့သို့ အာနိသင်ရှိ၍ ကျောက်ကပ်၏ လုပ်ငန်းများကို ပိုမိုကောင်းမွန်စေသည်။

ကျောက်ကပ်မကောင်း၍ ခန္ဓာကိုယ်ဖောရောင်နေသောသူများကို ပေးရာတွင် ဆီးတွင်းပရိုတင်းစွန့်ထုတ်မှုမှာ တစ်နေ့လျှင် ၂၃၂၈±၃၁၅၇ မှ ၁၀၁၇±၇၆၅ မီလီဂရမ်သို့လျော့သွားကြောင်း စမ်းသပ်တွေ့ရှိရပါသည်။ ကျောက်ကပ်ဆေးပင်အမြစ်၏ အာနိသင်သည် ခန္ဓာကိုယ်ဖောရောင်နေသောသူများတွင် ရေနှင့် အငန်ဓာတ်စွန့်ထုတ်ခြင်း၊ ကျောက်ကပ်ရောဂါကြောင့် သွေးတွင်းအဆီများ ပုံမမှန်ခြင်းကိုလည်း ထိန်းညှိပေးသည်။ ထို့ပြင် ကျောက်ကပ်သွေးကြောများ စီးဆင်းမှုကို ကောင်းမွန်စေပြီးကျောက်ကပ်ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေသည်။

ဆေးဖက်ဝင်အာနိသင်များ
◆ ဆီးတွင်း ပရိုတင်းပါဝင်မှုကို လျှော့ချပေးခြင်း
◆ ကျောက်ကပ်မကောင်း၍ ခန္ဓာကိုယ်ဖောရောင်ခြင်းကို လျော့နည်းသက်သာစေခြင်း
◆ ကျောက်ကပ်၏ အညစ်အကြေး စွန့်ထုတ်ခြင်းလုပ်ငန်းများကို ကောင်းမွန်စေရန် ထိန်းသိမ်းပေးနိုင်ခြင်း

သုံးစွဲနိုင်သောရောဂါများ
ကျောက်ကပ်မကောင်း၍ ခန္ဓာကိုယ်ဖောရောင်ခြင်း၊ ဆီးချိုရောဂါကြောင့်ဖြစ်သော ကျောက်ကပ်ရောဂါ၊ နာတာရှည် ကျောက်ကပ်ရောင်ခြင်းနှင့်
ကျောက်ကပ်အားနည်းခြင်း စသော နာတာရှည် ကျောက်ကပ်ရောဂါများ ကုသရာတွင် အသုံးပြုနိုင်ပါသည်။

သုံးစွဲရန်ဆေးပမာဏ
၁၂ နှစ် အောက် – တစ်နေ့လျှင် ဆေးတစ်တောင့်
၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတစ်တောင့် တစ်နေ့ နှစ်ကြိမ် အစာနှင့် ခြား၍သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ
အချို့သောသူများတွင် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အနည်းငယ် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းတို့ ဖြစ်နိုင်ပါသည်။

သတိပြုရန်
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ကျွမ်းကျင်သော သမားတော်နှင့် ပြပြီးမှအသုံးပြုပါ။

အခြားသောဆေးများနှင့်တွဲဖက်သုံးစွဲမှု
တန်ကွေးအမြစ် (ဒေါင်းကွေးဆေး) နှင့် ပရိုဘိုင်အိုတစ် (ဘိုင်အိုကစ်) တို့နှင့် တွဲဖက်သုံးစွဲပါက ပို၍ အာနိသင် ထက်မြက်ပါသည်။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.