ပိုးသန့်စင်လိမ်းဆေး

Wound healing cream

Nemoderm
Nemoderm

ညှစ်ဆေးတစ်ဘူးတွင် ပါဝင်သောဆေးပစ္စည်းများ
ပျားကော် ………………….. ၁၀%
ပျားရည် ……………………… ၅%
ရှားစောင်းလက်ပပ် …….. ၁%
တမာ ………………………….. ၁%

ဆေးဖက်ဝင်အာနိသင်များ
ပျားကော် တွင် ပါဝင်သော flavonoids ဓာတ်ပစ္စည်းသည် ဘက်တီးရီးယားပိုးမွှားများကို သေစေပြီး အနာများ ရောင်ရမ်းခြင်းကို လျော့နည်းစေကာ အနာကျက်မြန်စေပါသည်။ အမာရွတ် ထင်ကျန်မှုမှလည်း ကင်းဝေးစေနိုင်ပါသည်။

ပျားရည် သည် အရေပြား၌ဖြစ်ပေါ်သော ပိုးများပွားများခြင်းကို ကာကွယ်ပေးသည်။ အနာပေါ်သို့ တိုက်ရိုက်လိမ်းပါကလည်း အသားလောင်ခြင်းမရှိပါ။ သိပ္ပံနည်းကျ စမ်းသပ်ချက်များအရ ပျားရည်သည် အနာကျက်မြန်စေသော အစွမ်းသတ္တိလည်းရှိသည်။

ရှားစောင်းလက်ပပ် တွင် aloe emodin ဓာတ်ပစ္စည်းပါဝင်သောကြောင့် အနာများတွင်လိမ်းပါက ဘက်တီးရီးယားပိုးများကို သေစေပြီး ရောင်ရမ်းခြင်းကို လျော့နည်းစေကာ အနာကျက်မြန်စေပါသည်။

တမာ သည် ရှေးယခင်ကတည်းက အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် နာမည်ကျော် တိုင်းရင်းဆေးတစ်လက် ဖြစ်ပါသည်။ ဘက်တီးရီးယားပြည်တည်နာများတွင် အသုံးပြုနိုင်ပြီး အနာများကို အရောင်ကျစေသော သတ္တိရှိပါသည်။ Mahmoodin ဓာတ်ပစ္စည်းသည် ဘက်တီးရီးယားပိုးများကို သေစေပြီး အနာကျက်မြန်စေပါသည်။

ရရှိနိုင်သောအကျိုးကျေးဇူး
အနာအမျိုးမျိုးတွင် အနာကျက်လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါသည်။

ဘေးထွက်ဆိုးကျိုး
အချို့သောသူများတွင် ပျားကော်နှင့်ဓ ာတ်မတည့်ခြင်း ဖြစ်နိုင်သည်မှလွဲ၍ ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

သတိပြုရန်
ပြင်ပလိမ်းရန်အတွက်သာ။
ကလေးများ လက်လှမ်းမမီသောနေရာတွင် ထားပါ။
ဆေးလိမ်းပြီး ဓာတ်မတည့်ခြင်းများရှိပါက ဆက်လိမ်းရန် မသင့်ပါ။
အနာဝပွင့်နေသော အနာများတွင် မလိမ်းသင့်ပါ။

ထုပ်ပိုးပုံ
ညှစ်ဆေးဘူးတစ်ဘူးလျှင် လိမ်းဆေး (၄၀) ဂရမ် ပါဝင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.