အသည်းဆေး

80% Silymarin

MilkThistle
MilkThistle

ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်းများ
ဆူးပန်းလုံးအစေ့အဆီအနှစ်………… ၂ဝဝ မီလီဂရမ်
ပဲပုပ်အဆီအနှစ်…………………….. ၁ဝဝ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ
၁။ အသည်းထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း
Silymarin သည် free radicals များအား ဖယ်ရှားနိုင်စွမ်းရှိပြီး၊ အသည်းအတွင်းသို့ ဝင်ရောက်လာသော အဆိပ်အတောက်များကို ချေဖျက်နိုင်ခြင်းတို့ကြောင့် အသည်းထိခိုက်ပျက်စီးခြင်းကို ကာကွယ်ပေးပါသည်။

၂။ အသည်းရှိ glutathione ၏ လုပ်ငန်းများကို ပိုမိုကောင်းမွန်စေခြင်း
လူသားတို့၏ခန္ဓာကိုယ်မှ နေ့စဉ်ထွက်ရှိနေသော အဆိပ်အတောက်များအား ဖယ်ရှားရန်အတွက် glutathione သည် အရေးပါလှသည်။ Silymarin သည် အသည်းအတွင်းရှိ ကလာပ်စည်းများသို့ ဝင်ရောက်နေနိုင်ခြင်းအားဖြင့် လျော့နည်းသွားသော glutathione နေရာတွင် အစားထိုးဝင်ရောက်ပြီး free radicals များကို ဖယ်ရှားပေးပါသည်။

၃။ အသည်းကလာပ်စည်းတွင် အဆီဓာတ်ပြုခြင်းအား ဟန့်တားပေးခြင်း
Silymarin သည် အသည်းကလာပ်စည်းအတွင်း အဆီဓာတ်နှင့်အောက်ဆီဂျင်ဓာတ်ပြုခြင်းကို ကာကွယ်ပေးပါသည်။ ယင်းနည်းဖြင့် အသည်းကလာပ်စည်းများ ပျက်စီးခြင်းကို ကာကွယ်ပေးပါသည်။

၄။  ပျက်စီးသွားသော အသည်းကလာပ်စည်းများ အသစ်ပြန်လည်ဖြစ်ပေါ်မှုကို အားပေးခြင်း
Silymarin သည် အသည်းကလာပ်စည်း အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းကို DNA တွင်ပါဝင်ခြင်းဖြင့် မြှင့်တင်ပေးသည်။ Silymarin သည် polymerase A enzyme လုပ်ငန်းကို ထောက်ကူခြင်းဖြင့် အသည်းကလာပ်စည်းများ ဖြစ်ပေါ်စေသည်။

၅။ ရောင်ရမ်းမှုကို လျော့နည်းစေခြင်း
Silymarin ဒြပ်ပေါင်းသည် lipoxygenase အင်ဇိုင်းကို လျော့ကျစေပါသည်။ Silymarin သည် leukotrienes, prostaglandin ဖြစ်ပေါ်မှုတို့အပေါ် အကျိုးသက်ရောက်မှုရှိသည့်အတွက် အသည်းကလာပ်စည်းများ ပျက်စီးမှုကို အကာအကွယ်ပေးပါသည်။

ရရှိနိုင်သောအကျိုးကျေးဇူးများ

  • အသည်းပုံမှန်လုပ်ဆောင်ခြင်းများကို ကူညီပေးခြင်း
  • အသည်းထိခိုက်ပျက်စီးခြင်းအမျိုးမျိုးမှ ကာကွယ်ပေးခြင်း

သုံးစွဲရန်ဆေးပမာဏ
၁၂ နှစ်နှင့်အထက် – တစ်ခါသောက် ဆေးတစ်ပြား တစ်နေ့နှစ်ကြိမ် အစာမစားမီ သောက်ပါ။
နာတာရှည်အသည်းရောဂါရှိသူများနှင့် ပြင်းထန်စွာအသည်းထိခိုက်ပျက်စီးနေသူများတွင် ဆေးပမာဏကို နှစ်ဆတိုး၍ သောက်သုံးနိုင်ပါသည်။

ဘေးထွက်ဆိုးကျိုး
သတ်မှတ်ထားသော  ဆေးညွှန်းအရ ကြီးမားသောဘေးထွက်ဆိုးကျိုးများ မတွေ့ရပါ။ လူနာအချို့တွင် ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း၊ လေပွခြင်းစသည့် ဝမ်းဗိုက်မအီမသာဖြစ်မှုကို ရက်အနည်းငယ် ခံစားရတတ်ပါသည်။ အရေပြားယားယံခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်နာခြင်းစသည့် လက္ခဏာများ တစ်ခါတစ်ရံ ဖြစ်လေ့ရှိပါသည်။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးပြား (၆ဝ) ပါဝင်ပါသည်။

Copyright© 2025 FAME Pharmaceuticals Industry Co., Ltd. All rights reserved.