လှပျိုဖြူဆေး

Phytoestrogen supplement

Ladymax
Ladymax

ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်း
ပေါက်ဥ ဆေးမှုန့် ………… ၁၀၀ မီလီဂရမ်

အပင်အကြောင်း ရှင်းလင်းချက်
ပေါက်ဥသည် မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် ကျယ်ပြန့်စွာ ပေါက်ရောက်သည်ကို တွေ့ရှိရသည်။ ဆေးဖက်ဝင်အပင်အဖြစ် ရှေးနှစ်ပေါင်းများစွာကတည်းက အရှေ့တောင်အာရှနိုင်ငံများတွင် အသုံးပြုခဲ့ကြသည်။ ဆေးဖက်ဝင် အစိတ်အပိုင်းမှာ အမြစ်ဥဖြစ်ပြီး အရွယ်အစားမှာ ရေမြေအမျိုးအစားပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။

ပါဝင်သော ဒြပ်ပေါင်းများ
Phytoestrogen ပါဝင်သော အပင်များထဲတွင် ပေါက်ဥ၏ ထူးခြားချက်မှာ 17 β-estradiol နှင့် ဓာတုတည်ဆောက်ပုံ ဆင်တူသော miroestrol နှင့် deoxymiroestrol ဒြပ်ပေါင်းများ ပါဝင်သည်။ ထို့အပြင် Phytoestrogen အုပ်စုဝင် isoflavone (puerarin) နှင့် coumestran ဒြပ်ပေါင်းများလည်း ပါဝင်ပါသည်။

ရရှိနိုင်သော အကျိုးကျေးဇူးများ
◆ အမျိုးသမီးများ ကိုယ်ခန္ဓာဖွံ့ဖြိုးလှပစေခြင်း
◆ ရင်သားပြည့်ဖြိုး အလှတိုးစေခြင်း
◆ အသားအရေ ချောမွေ့လှပစေခြင်း
◆ ဆံပင်များသန်စွမ်းစေရန် အားဖြည့်ပေးခြင်း
◆ ပါးရေတွန့်မှုကို သက်သာစေခြင်း

သုံးစွဲရန်ဆေးပမာဏ
၁၈ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးပြားတစ်ပြား၊ တစ်နေ့ တစ်ကြိမ် ညနေစာစားပြီး သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ
အချို့သောသူများတွင် အနည်းငယ်ခေါင်းကိုက်ခြင်း၊ လေပွခြင်း၊ ပျို့ခြင်းနှင့် မိန်းမကိုယ်မှ အဖြူဆင်းခြင်းတို့ ဖြစ်တတ်ပါသည်။ ထိုကဲ့သို့ဖြစ်ပါက သောက်နေသော ဆေးပမာဏကို လျှော့ချရန် လိုအပ်ပါသည်။

သတိပြုရန်
အမျိုးသမီးဟော်မုန်း အီစထရိုဂျင်ကြောင့်ဖြစ်သော အဖုအကျိတ်ရှိသူများ၊ ပဋိသန္ဓေတားဆေး သောက်သုံးနေသူများနှင့် ဟော်မုန်းဆိုင်ရာ ကုသမှုခံယူနေသူများ၊ သိုင်းရွိုက်ဟော်မုန်း နည်းနေသူများ သမားတော်နှင့် ပြပြီးမှ အသုံးပြုပါ။

အသုံးမပြုသင့်သောအခြေအနေများ
အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မသောက်ရပါ။

အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲမှု
ပေါက်ဥကို ဗီတာမင်စီပါဝင်သော ဖြည့်စွက်ဆေးများ (သဘာဝ-စီ) နှင့် တွဲဖက်သောက်သုံးပါက ပို၍ အာနိသင်ထက်မြက်ပါသည်။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးပြား (၆၀) ပါဝင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.