သဘာဝကိုယ်ခံစွမ်းအားတိုးဆေး

Immunoenhancer

Immunoplex
Immunoplex

ဆေးပြားတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ
လင်ဇီးမှိုအဆီအနှစ် ……………………၉၀ မီလီဂရမ်
ဆီးဖြူသီးအဆီအနှစ် …………………၃၀ မီလီဂရမ်
ပဲပိစပ် အဆီအနှစ် ……………………..၂၀ မီလီဂရမ်
နွယ်ချိုအဆီအနှစ် ……………………..၁၅ မီလီဂရမ်
ရဲယိုအဆီအနှစ် …………………………၁၅ မီလီဂရမ်
ကြက်သွန်ဖြူအဆီအနှစ် ………….၁၅ မီလီဂရမ်
နနွင်းအဆီအနှစ် ……………………….၁၅ မီလီဂရမ်
ကြက်ဟင်းခါးသီးအဆီအနှစ် ……၁၅ မီလီဂရမ်
ချင်းအဆီအနှစ် …………………………၁၅ မီလီဂရမ်
ဂျင်ဆင်း ………………………………….၂၀၀ မီလီဂရမ်

ရရှိနိုင်သောအကျိုးကျေးဇူးများ
◆ ကိုယ်ခံစွမ်းအားတက်စေခြင်း
◆ လိုအပ်သော အာဟာရဓာတ် ပြည့်ဝစေခြင်း

သုံးစွဲရန်ဆေးပမာဏ
၁၂ နှစ် နှင့် အထက် –
◆ ပုံမှန်အသုံးပြုလိုသူများအတွက် တစ်ခါသောက် ဆေးပြားတောင့် (၁) တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာစားပြီး သောက်ပါ။
◆ ကိုယ်ခံစွမ်းအားတက်စေရန် တစ်ခါသောက် ဆေးပြားတောင့် (၂) တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာစားပြီး သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ
အချို့သောသူများတွင် ယားယံခြင်း၊ အင်ပြင်ထွက်ခြင်း၊ ဝမ်းသွားခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်တတ်ပါသည်။

ကြိုတင်သတိပြုရန်
◆ အကြီးစားခွဲစိတ်မှုများ မပြုလုပ်မီ တစ်ပတ်အလိုတွင် ဆေးသောက်သုံးခြင်းကို ခေတ္တရပ်ထားရန် လိုပါသည်။
◆ ပန်းနာရင်ကျပ်ရှိသူများ၊ ခန္ဓာကိုယ်အပူချိန်များတတ်သူများ၊ ဓမ္မတာသွေးဆင်းများသူများနှင့် နှာခေါင်းသွေးလျှံတတ်သူများသည်
ဂျင်ဆင်းသောက်သုံးခြင်းကို ရှောင်ရှားသင့်ပါသည်။
◆ ဂျင်ဆင်းကို ကဖင်းကဲ့သို့ ဦးနှောက်နှင့် အာရုံကြောကို လှုံ့ဆော်ပေးသည့် ပစ္စည်းများနှင့် တွဲဖက်မသောက်သုံးသင့်ပါ။

အခြားဆေးများနှင့်တွဲဖက်သုံးစွဲမှု
◆ သွေးကျဲစေသည့် ဆေးများနှင့် အပြန်အလှန်တုံ့ပြန်မှုရှိ၍ ဂျင်ဆင်းပါဝင်သောဆေးများ သောက်သုံးမှုကို ရပ်တန့်ထားရန်။
◆ စိတ်ကျရောဂါဝေဒနာရှင်များ သောက်သုံးရသည့်ဆေး (MAOI) နှင့် တွဲသောက်ပါက (MAOI) ၏ ဆေးအာနိသင်နှင့် ပတ်သက်၍ ဓာတ်ပြုမှုတို့ ဖြစ်စေနိုင်ပါသည်။

ထုပ်ပိုးပုံ
ဆေးတစ်ကတ်လျှင် ဆေးပြားတောင့် (၁၀) တောင့်၊ ဆေးတစ်ဘူးလျှင် ဆေးကတ် (၃) ကတ် ပါဝင်ပါသည်။
ဆေးပြားတောင့် (၆၀) ဝင် ဆေးဘူးနှင့်လည်း ထုတ်လုပ်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.