ဂျင်ဆင်းဆေး

Natural adaptogen

Immugin
Immugin

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ
ဂျင်ဆင်းအမှုန့် ……… ၂၅၀ မီလီဂရမ်

ဆေးဖက်ဝင်ဒြပ်ပေါင်းများ
ဂျင်ဆင်းတွင် ginsenosides များ ၂ မှ ၃ ရာခိုင်နှုန်းအထိ ပါဝင်သည်။ အဓိက ဆေးအာနိသင်ပေးသော ဒြပ်ပေါင်းများဖြစ်ပြီး ဂျင်ဆင်း၏ အရည်အသွေးနှင့် စစ်မှန်မှုကို ဖော်ပြရာ၌လည်း အသုံးဝင်သည်။ ထို့အပြင် polysaccharides များသည်လည်း ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို မြှင့်တင်စေပြီး အဖုအကျိတ်များ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေနိုင်သည်။

ဆေးဖက်ဝင်အာနိသင်များ
◆ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကို အနှောင့်အယှက်ပေးသောအရာများကြောင့် ယင်းဖြစ်စဉ်များ ပျက်စီးယိုယွင်းခြင်းကို ပုံမှန်အတိုင်း လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲပေးနိုင်သည်။
◆ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ၊ လှုပ်ရှားမှုများကို ကောင်းမွန်ညီညွတ်မျှစေသည်။
◆ ခန္ဓာကိုယ်၏ ခုခံအားစနစ် ပိုမိုကောင်းမွန်စေရန် နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက်ပေးသည်။
◆ ပုံမှန်ကလာပ်စည်းများကိုသာ ပွားများဖွံ့ဖြိုးစေသည်။

ရရှိနိုင်သောအကျိုးကျေးဇူးများ
◆ ဇီဝကမ္မ ဖြစ်စဉ်များကို ထိန်းညှိပေးရန်
◆ အားအင်ကုန်ခမ်းခြင်း၊ မောပန်းလွယ်ခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်း၊ မှတ်ဉာဏ်လျော့နည်းလာခြင်း၊ နာတာရှည်ပင်ပန်းနွမ်းနယ်သည့် ရောဂါဝေဒနာ ခံစားနေရသူများနှင့် နာလန်ထလူမမာများတွင် အားအင်ပြည့်ဖြိုး လန်းဆန်းစေရန်
◆ ကိုယ်ခံစွမ်းအားတက်စေရန်
◆ မြစ်ပွားနာရောဂါသည်များတွင် ဓာတ်ရောင်ခြည်ကင်ခြင်းနှင့် မြစ်ပွားနာရောဂါကုဆေးများ သောက်သုံးခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများ လျော့နည်းသက်သာစေရန် တွဲဖက်အသုံးပြုနိုင်ခြင်း

သုံးစွဲရန်ဆေးပမာဏ
လူကြီး – ဆေးတစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာစားပြီး သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ
သတ်မှတ်ထားသော ဆေးပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုး မရှိသော်လည်း အချို့သောသူများတွင် ဓာတ်မတည့်ခြင်း ဖြစ်တတ်ပါသည်။ သောက်သုံးသော ဆေးပမာဏများခြင်း သို့မဟုတ် ရေရှည်သောက်သုံးပါက စိတ်အာရုံ ရှုပ်ထွေးခြင်းမျိုး ဖြစ်နိုင်ပါသည်။

ကြိုတင်သတိပြုရန်
◆ အကြီးစားခွဲစိတ်မှုများ မပြုလုပ်မီ တစ်ပတ်အလိုတွင် ဆေးသောက်သုံးခြင်းကို ခေတ္တရပ်ထားရန် လိုပါသည်။
◆ ပန်းနာရင်ကျပ်ရှိသူများ၊ ခန္ဓာကိုယ်အပူချိန် များတတ်သူများ၊ ဓမ္မတာသွေးဆင်းများသူများနှင့် နှာခေါင်း သွေးလျှံတတ်သူများသည် ဂျင်ဆင်းသောက်သုံးခြင်းကို ရှောင်ရှားသင့်ပါသည်။
◆ ဂျင်ဆင်းကို ကဖင်းကဲ့သို့ ဦးနှောက်နှင့်အာရုံကြောကို လှုံ့ဆော်ပေးသည့် ပစ္စည်းများနှင့် တွဲဖက်မသောက်သုံးသင့်ပါ။

အခြားဆေးများနှင့်တွဲဖက်သုံးစွဲမှု
◆ သွေးကျဲစေသည့် ဆေးများနှင့် အပြန်အလှန် တုံ့ပြန်မှုရှိ၍ ဂျင်ဆင်းပါဝင်သောဆေးများ သောက်သုံးမှုကို ရပ်တန့်ထားရန်။
◆ စိတ်ကျရောဂါ ဝေဒနာရှင်များ သောက်သုံးရသည့်ဆေး (MAOI) နှင့် တွဲသောက်ပါက ဆေး၏အာနိသင် တိုးစေပါသည်။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.