ဒဏ်ကျေအကြောပြေအရောင်ကျလိမ်းဆေး

Natural analgesic and anti-inflammatory cream

Herbigesic
Herbigesic

ညှစ်ဆေးတစ်ဘူးတွင် ပါဝင်သောဆေးပစ္စည်းများ
ဆင်တုံးမနွယ်အဆီအနှစ် ……. ၄ ဂရမ်
လင်ဇီးအဆီအနှစ် ………………. ၄ ဂရမ်
ထင်းရှူးအဆီအနှစ် ……………. ၄ ဂရမ်

ဆေးဖက်ဝင်အာနိသင်များ
ဆင်တုံးမနွယ် ၏ အဆီအနှစ်သည် လတ်တလောဖြစ်ပွားသည့် ရောင်ရမ်းခြင်းများကို သိသာစွာ ပျောက်ကင်းစေသော အစွမ်းရှိပါသည်။ ၎င်း၏အစွမ်းသည် Acetylsalicylic acid ၏ အရောင်လျော့စေသည့် အစွမ်းထက်ပိုပြီး စတီးရွိုက်မဟုတ်သော အဆစ်ရောင်သက်သာစေသည့် အနောက်တိုင်းဆေးများ၏ အစွမ်းသတ္တိနှင့် တူညီသည်။

လင်ဇီး တွင် ရောင်ရမ်းမှုပျောက်ကင်းစေသော အစွမ်းထက်မြက်သည့် သတ္တိရှိပါသည်။ ၎င်း၏ အရောင်လျော့စေသော အစွမ်းသည် Hydrocortisone ခေါ် စတီးရွိုက်၏ အစွမ်းနှင့် ညီမျှသည်။ သို့သော် ၎င်းတွင် စတီးရွိုက်များ၏ ဘေးထွက်ဆိုးကျိုးများ မရှိပေ။ ထို့အပြင် နာကျင်မှုကို သက်သာစေပြီး ကြွက်သားများ တင်းကျုံ့မှုကိုလည်း ပျော့ပျောင်းစေပါသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ထင်းရှူးဆီကို ကြွက်သားများတင်းမာခြင်း လျော့နည်းသက်သာစေရန်နှင့် အဆစ်အမျက်ရောင်ရမ်းခြင်း ဝေဒနာများအတွက် အသုံးပြုခဲ့ကြပါသည်။ ၎င်းတွင် ပါဝင်သော limonene, dipentene နှင့် bornyl acetate ဓာတ်ပစ္စည်းများသည် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများ သေစေပါသည်။

သုံးစွဲနိုင်သောရောဂါများ
အဆစ်အမျက် ရောင်ရမ်းနာကျင်ခြင်း၊ ကျီးပေါင်းရောဂါကြောင့် ဇက်ကြောတက်၊ ခါးနာ၊ ခါးကိုက်၊ ခေါင်းအုံးလွဲ၊ ကြွက်သား နာကျင်ကိုက်ခဲခြင်း ဝေဒနာများကို လျင်မြန်စွာ သက်သာစေပါသည်။

သုံးစွဲရန်ဆေးပမာဏ
နာကျင်ကိုက်ခဲသည့်နေရာကို တစ်နေ့သုံးကြိမ်လိမ်းပါ။

ဘေးထွက်ဆိုးကျိုးများ
ဆေးလိမ်းထားသော နေရာတွင် အနည်းငယ် နီမြန်းခြင်း၊ ပူခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းတို့ ဖြစ်နိုင်ပါသည်။

သတိပြုရန်
ပြင်ပလိမ်းရန်အတွက်သာ၊ ကလေးများ လက်လှမ်းမမီသည့် နေရာတွင်ထားပါ။ ထိခိုက်ရှနာ၊ ပေါက်ပြဲ ဒဏ်ရာပေါ် မလိမ်းရပါ။ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိအနီးတစ်ဝိုက်တို့တွင် မလိမ်းရပါ။ မတော်တဆ ဝင်သွားပါက ရေသန့်များများဖြင့် ဆေးကြောပေးရပါမည်။ ဆေးလိမ်းပြီးပါက လက်ကို ရေဖြင့် သေသေချာချာ ဆေးကြောပေးပါ။

ထုပ်ပိုးပုံ
ညှစ်ဆေးဘူးတစ်ဘူးလျှင် လိမ်းဆေး (၄၀) ဂရမ် ပါဝင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.