အသည်းအားဆေး

For chronic hepatitis

Hepa-B
Hepa-B

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ
တောင်ဆီးဖြူအဆီအနှစ် ……… ၄၈ မီလီဂရမ်
လင်ဇီးအဆီအနှစ် …………………. ၃၀ မီလီဂရမ်
နွယ်ချိုအဆီအနှစ် …………………. ၂၄ မီလီဂရမ်
ကြိတ်မှန်အဆီအနှစ် …………….. ၁၂ မီလီဂရမ်
ဆောင်းမေးခါးအဆီအနှစ် ……… ၆ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ
၁။ တောင်ဆီးဖြူ – တောင်ဆီးဖြူသည် Hepatitis B virus ပြန့်ပွားရန် လိုအပ်သော DNA polymerase အင်ဇိုင်းကို ပိတ်ပင်တားဆီးနိုင်ပါသည်။

၂။ လင်ဇီးမှို – လင်ဇီးမှိုတွင် ပါဝင်သော polysaccharides နှင့် triterpenes စသည့် အစွမ်းထက်ဒြပ်ပေါင်းများသည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်းဖြင့် Hepatitis B virus ကြောင့်ဖြစ်သော အသည်းရောင်ရောဂါပိုး နှိမ်နင်းရာတွင် အရေးပါသည်။ Hepatitis B virus ပြန့်ပွားရန် လိုအပ်သော DNA polymerase အင်ဇိုင်းနှင့် serum ALT level ကို ကျဆင်းစေနိုင်သည့် အာနိသင်ရှိကြောင်း သိရပါသည်။

၃။ နွယ်ချို – Hepatitis B virus တွင်ရှိသော surface antigen ကို ဟန့်တားနိုင်သည့်အပြင် အသည်းလုပ်ငန်းဆောင်တာများ တိုးတက်ကောင်းမွန်စေပြီး ရောဂါမှ ပြန်လည်သက်သာစေနိုင်ပါသည်။

၄။ ကြိတ်မှန် – အသည်းပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကြီးရောဂါတို့တွင် အစွမ်းထက်မြက်သော အာနိသင်ရှိပါသည်။

၅။ ဆောင်းမေးခါး – ၎င်းတွင်ပါဝင်သော picroliv နှင့် catalpol ဒြပ်ပေါင်းသည် အသည်းပျက်စီးခြင်းမှ အကာအကွယ်ပေးနိုင်သည့် အာနိသင်ရှိကြောင်း သိရပါသည်။

သုံးစွဲနိုင်သောရောဂါ
နာတာရှည် အသည်းရောင်ရောဂါတွင် အသုံးပြုနိုင်ပါသည်။

သုံးစွဲရန်ဆေးပမာဏ
၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာမစားမီ သောက်ပါ။ အနည်းဆုံး (၆) လ နေ့စဉ်သောက်ပါ။

ဘေးထွက်ဆိုးကျိုး
ဓာတ်မတည့်ခြင်းဖြစ်ပါက ဆက်မသောက်သင့်ပါ။

သတိပြုရန်
ကျောက်ကပ်ရောဂါ ရှိသူများတွင် ဆေးပမာဏကို လျှော့ပေးသင့်သည်။

ထုပ်ပိုးပုံ
ဆေးတစ်ကတ်လျှင် ဆေးတောင့် (၁၀) တောင့်၊
ဆေးတစ်ဘူးလျှင် ဆေးကတ် (၃) ကတ်ပါဝင်ပါသည်။
ဆေးတောင့် (၆၀) ဝင် ဆေးဘူးနှင့်လည်း ထုတ်လုပ်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.