လင်ဇီးဆေး

Lingzhi powder 250 mg

Ganocan
Ganocan

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း

လင်ဇီးအမှုန့် ………………… ၂၅ဝ မီလီဂရမ်

အကောင်းဆုံးလင်ဇီးမျိုး

ကမ္ဘာပေါ်တွင် အဓိက လင်ဇီးမျိုး (၆) မျိုးရှိသည့်အနက် Ganoderma lucidum မျိုးမှာ အကောင်းဆုံးဖြစ်ကြောင်း သိပ္ပံနည်းကျ

လေ့လာတွေ့ရှိခဲ့ပါသည်။ ယခု FAME မှထုတ်လုပ်သော လင်ဇီးမှာ Ganoderma lucidum မျိုးဖြစ်ပါသည်။

ရရှိနိုင်သောအကျိုးကျေးဇူးများ

  • လင်ဇီးမှိုသည် အဖုအကျိတ်များပြန့်ပွားမှုကို ထိန်းချုပ်ပေး ပါသည်။
  • သွေးအတွင်း သကြားဓာတ်လွန်ကဲမှုကို လျော့ကျစေခြင်းဖြင့် ဆီးချိုရောဂါကို သက်သာစေပါသည်။
  • သွေးအတွင်း သွေးခဲခြင်းကိုဟန့်တားနိုင်သော အာနိသင်ရှိသည်။
  • သွေးတွင်း ကိုလက်စထရောကို လျှော့ချပေးပါသည်။
  • သွေးတိုးခြင်း၊ သွေးပေါင်ကျခြင်းများကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါသည်။
  • Antioxidant အာနိသင်ရှိ၍ ကျန်းမာနုပျိုစေပြီး ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးသည်။

သုံးစွဲရန်ဆေးပမာဏ

၂ နှစ် နှင့်အထက် – တစ်ခါသောက် ဆေးတစ်တောင့် တစ်နေ့ နှစ်ကြိမ်မှ လေးကြိမ်သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ

အချို့သောသူများတွင် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနှင့် အရေပြားယားယံခြင်း ဖြစ်တတ်ပါသည်။

အသုံးမပြုသင့်သော အခြေအနေများ

အသက် (၂) နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ မသောက်ရပါ။

အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲမှု

လင်ဇီးကို အစာမစားမီ သောက်ပါက အကောင်းဆုံးဖြစ်ပါသည်။ ဗီတာမင်-စီ၊ သံပရာရည်၊ ရှောက်ရည်တို့နှင့် တွဲဖက်အသုံးပြုလျှင်

အာနိသင်ပိုကောင်းပါသည်။

ထုပ်ပိုးပုံ

ဆေးဘူးတစ်ဘူးလျှင် ဆေးတောင့် (၆ဝ) ပါဝင်ပါသည်။

 

Copyright© 2026 FAME Pharmaceuticals Industry Co., Ltd. All rights reserved.