ရှီးပဒီး

Support lung functions

Cordyceps
Cordyceps

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း

ရှီးပဒီး (ပိုးဆေးနွယ်ရှင်) အဆီအနှစ် …………. ၄ဝဝ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ

ခန္ဓာကိုယ်ခုခံအားစနစ်အပေါ် အကျိုးသက်ရောက်ခြင်း ကြွက်များတွင် သုတေသနပြု လေ့လာစမ်းသပ်ချက်များအရ ရှီးပဒီးအဆီအနှစ်သည် ခန္ဓာကိုယ်ခုခံအားစနစ်ကို အထောက်အကူပေးသော ကလာပ်စည်းတစ်မျိုးဖြစ်သည့် T-helper cells ၏ ပမာဏကိုများလာစေသည်။ ထိုကလာပ်စည်းများနှင့် ခုခံအားစနစ်၏ လုပ်ဆောင်ချက်များ မှန်ကန်စေရန် ထိန်းပေးသော T-suppressor cells ဟု ခေါ်သည့် ကလာပ်စည်းများအချိုးကို ညီမျှစေခြင်းအားဖြင့်  ခန္ဓာကိုယ်ခုခံအားစနစ်ကို ထိန်းညှိပေးနိုင်သည်။ ရှီးပဒီးအဆီအနှစ်တွင် ပါဝင်သော cordycepin နှင့် beta-glucan ဒြပ်ပေါင်းသည် မြစ်ပွားနာရောဂါတွင် မြစ်ပွားနာဆဲလ်များကိုသေစေနိုင်သောကိုယ်ခံအားတုံ့ပြန်မှုကို ပိုမိုအားကောင်းစေသည်။

အသက်ရှူလမ်းကြောင်းအပေါ် အကျိုးသက်ရောက်ခြင်း

ရှီးပဒီးကို တရုတ်တိုင်းရင်းဆေးပညာတွင် အသက်ရှူလမ်းကြောင်း ကျန်းမာကောင်းမွန်စေရန် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းကပင် အသုံးပြုခဲ့ကြသည်။ ရှီးပဒီးသည် လေပြွန်ကျုံ့ခြင်းကို ဟန့်တားပေးနိုင်သော အစွမ်းသတ္တိကြောင့် အဆုတ်အတွင်း လေရရှိမှု ပိုမိုအားကောင်းလာစေခြင်းနှင့် ရောင်ရမ်းမှုကို သက်သာစေသော အစွမ်းအာနိသင်ရှိခြင်းတို့ကြောင့် ပန်းနာရင်ကျပ် ဝေဒနာရှင်များအတွက်သင့်လျော်ကောင်းမွန်ပါသည်။ ကျောက်ကပ်လုပ်ဆောင်ချက်များအပေါ်အကျိုးသက်ရောက်ခြင်း နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသော ဝေဒနာရှင်များတွင် ရှီးပဒီးကို အသုံးပြု၍ သိပ္ပံနည်းကျ သုတေသန လေ့လာမှုများစွာ ပြုလုပ်ခဲ့ကြသည်။ ထိုလေ့လာတွေ့ရှိချက်များအရ ရှီးပဒီးသည် သွေးအတွင်း အညစ်အကြေးများပါဝင်မှုကို  လျော့နည်းစေသောကြောင့် ကျောက်ကပ်၏စွမ်းဆောင်ရည်ကိုတိုးတက် ကောင်းမွန်စေကြောင်းတွေ့ရပါသည်။ ထို့အပြင် ကျောက်ကပ် ပျက်စီးခြင်းကြောင့် ဖြစ်သော သွေးအားနည်းခြင်းကိုလည်း သက်သာစေသည်။

ရရှိနိုင်သော အကျိုးကျေးဇူးများ

  • အဆုတ်၏လုပ်ငန်းစဥ်များကို ပိုမိုကောင်းမွန်စေခြင်း
  • ကျောက်ကပ်အဆိပ်အတောက်ဖြစ်ခြင်းကို လျှော့ချပေးခြင်း
  • ခန္ဓာကိုယ်၏ခုခံစွမ်းအားကို ထိန်းညှိပေးခြင်း

သုံးစွဲရန်ဆေးပမာဏ

လူကြီး – တစ်ခါသောက် ဆေးတောင့်နှစ်တောင့်၊ တစ်နေ့ သုံးကြိမ် အစာစားပြီးသောက်ပါ။ ပုံမှန်အသုံးပြုလိုသူများအတွက် နေ့စဥ်တစ်ခါသောက် ဆေးတောင့်တစ်တောင့် တစ်နေ့နှစ်ကြိမ်သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ

အချို့သောသူများတွင် ပျို့အန်ခြင်း၊ အာခေါင်ခြောက်ခြင်း နှင့်ဗိုက်အောင့်ခြင်း အနည်းငယ်ဖြစ်တတ်ပါသည်။

ထုပ်ပိုးပုံ

ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆ဝ) ပါဝင်ပါသည်။

 

Copyright© 2026 FAME Pharmaceuticals Industry Co., Ltd. All rights reserved.