ဆယ်ပင်အားဆေး
Complete antioxidant supplement


ကြက်သွန်ဖြူအဆီအနှစ် (၈ဝ)၊ နနွင်းအဆီအနှစ် (၄ဝ)၊
စပျစ်စေ့ အဆီအနှစ် (၂ဝ)၊ ဘလူးဘယ်ရီအဆီအနှစ် (၂ဝ)၊
ဆီးဖြူသီး (၈ဝ)၊ ခရမ်းချဥ်သီး (၈ဝ)၊ ထောပတ်သီး (၆ဝ)၊
မုန်လာဥနီ (၅ဝ)၊ ဟင်းနုနယ် (၅ဝ)၊ ပန်းမုန်လာစိမ်း (၂ဝ)
မီလီဂရမ် နှင့် တစေးတို့ ပါဝင်ပါသည်။ ယင်းသဘာဝ ဆေးဖက်ဝင်အပင် ၁ဝ မျိုးတွင် လူတစ်ယောက်အတွက် နေ့စဥ်မှီဝဲသင့်သည့် အင်တီအောက်စီဒင့်များ ပြည့်စုံစွာပါရှိပါသည်။ အင်တီအောက်စီဒင့်များပါဝင်သည့် အစားအသောက်အမယ်မျိုးစုံ ကို နေ့စဥ်မှန်မှန်စားသုံးရန် အခြေအနေမပေးသူများအတွက် လည်းကောင်း၊ မည်သည့်စားသောက်ဖွယ်ရာများတွင် ပါဝင်သည်ကို မသိသူများအတွက်လည်းကောင်း လွယ်လင့်တကူ အသုံးပြု သောက်သုံးဖြည့်တင်းနိုင်ရန် FAME ဆေးဝါးထုတ်လုပ်ရေးမှ ဆယ်ပင်အားဆေး ဟုခေါ်သည့် အင်တီအောက်စီဒင့် ဆေးပြားတောင့် ကို ထုတ်လုပ်လိုက်ပါသည်။nအင်တီအောက်စီဒင့် ကြွယ်ဝသောအပင်များတွင် ကျန်းမာရေးကို အထောက်အကူပြုသော အောက်ဖော်ပြပါ အင်တီအောက်စီဒင့် များပါဝင်လေ့ရှိပါသည်။
အဓိကကျသော အင်တီအောက်စီဒင့်များ
လစ်ပ်ပွိုက်အက်ဆစ်၊ ဂလူတာသီရုံး၊ အကူအင်ဇိုင်း-Q10၊ သဘာဝဗီတာမင်-စီ၊ သဘာဝဗီတာမင်-အီး။ အထောက်အကူပေးသော အင်တီအောက်စီဒင့်များ ကယ်ရိုတီနွိုက်၊ လိုက်ကိုပင်း၊ ပစ်နိုဂျီနော၊ ကွာစီတင်၊ ဇင့်၊ ဆီလီနီယမ်၊ ခရိုမီယမ်။
ရရှိနိုင်သောအကျိုးကျေးဇူးများ
- အရွယ်မတိုင်မီ အိုမင်းရင့်ရော်လာမှုကို ဟန့်တားစေခြင်း
- နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးပြီး နှလုံးနှင့်ခန္ဓာကိုယ်လုပ်ငန်းဆောင်ရွက်မှုများကို တိုးတက်ကောင်းမွန်စေခြင်း
- ခုခံစွမ်းအားစနစ်မြင့်မားစေခြင်း
- ဦးနှောက်စွမ်းအားမြင့်မားစေခြင်း
သုံးစွဲရန်ဆေးပမာဏ
၂ နှစ်နှင့်အထက် – တစ်ခါသောက်ဆေးပြားတောင့်တစ်တောင့်၊ တစ်နေ့နှစ်ကြိမ် သောက်ပါ။ လိုအပ်ပါက ဆေးပြားတောင့် လေးတောင့်အထိ တိုး၍သောက်သုံးနိုင်သည်။
ဘေးထွက်ဆိုးကျိုး
သတ်မှတ်ထားသောပမာဏအတိုင်းသောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။
အခြားဆေးများနှင့်တွဲဖက်သုံးစွဲမှု
အခြား Antioxidants ဆေးများ၊ Multivitamin ပါဝင်သော ဆေးများနှင့်လည်း တွဲသောက်လိုပါက တွဲ၍သောက်သုံးနိုင်ပါသည်။
ထုပ်ပိုးပုံ (နှစ်မျိုးထုတ်လုပ်ပါသည်)
- ဆေးတစ်ပုလင်းလျှင် ဆေးပြားတောင့် (၆ဝ) တောင့်
- ဆေးတစ်ကတ်လျှင် ဆေးပြားတောင့် (၁ဝ) တောင့်၊ ဆေးတစ်ဘူးလှင် ဆေးကတ် (၃) ကတ်
နနွင်းတွင်ပါဝင်သော ဓာတ်ပစ္စည်းကြောင့် ထားသိုစဥ်အတွင်းဆေးပြားပေါ်တွင် အဝါရောင်အစက်လေးများ ဖြစ်ပေါ်လာနိုင်ပါသည်။
