သဘာဝအဆီကျဆေး
Natural lipid inhibitor


ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း
ခိုင်တိုစန်အမှုန့် …………….. ၂၅ဝ မီလီဂရမ်
ဆေးဖက်ဝင်အာနိသင်များ
ခိုင်တိုစန်သည် အဖိုဓာတ်ရှိသောကြောင့် အမဓာတ်ရှိသော အဆီများနှင့် ပူးပေါင်းလိုက်ခြင်းဖြင့် အစာလမ်းကြောင်းတစ်လျှောက် အဆီ စုပ်ယူမှုကို ဟန့်တားပေးနိုင်စွမ်းရှိသောကြောင့် ကိုလက်စထရော လျော့နည်းစေသည့် အာနိသင်ရှိပါသည်။ ထို့နောက် ယင်းအဆီများကို မစင်နှင့်အတူ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ပစ်လိုက်ပါသည်။ ခိုင်တိုစန်သည် သွေးထဲတွင်ရှိသော leptin ပမာဏကို များလာစေခြင်းဖြင့် လွန်ကဲစွာအစာစားချင်စိတ်ကို လျော့နည်းစေသည်။ ထို့ပြင် အသည်း၌ အဆီဓာတ်ဖြစ်ပေါ်စေသော enzyme များကိုလျော့နည်းစေပြီး အဆီကလာပ်စည်းများတွင်ရှိသော အဆီဓာတ်များ ချေဖျက်ခြင်းကိုအားပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ အဆီ ပမာဏကို လျော့နည်းစေသည်။ ထို့ကြောင့် ခိုင်တိုစန်သည် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး မကောင်းသောအဆီ များကို လျော့နည်းစေသည်။
ရရှိနိုင်သောအကျိုးကျေးဇူးများ
- ပိုလျှံနေသောအဆီများကို လျှော့ချပေးရန်
- ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးရန်
- ဝမ်းချုပ်ခြင်းကို သက်သာစေရန်
သုံးစွဲရန်ဆေးပမာဏ
လူကြီး-တစ်ခါသောက် ဆေးတောင့် နှစ်တောင့် မှ လေးတောင့် တစ်နေ့ သုံးကြိမ် နေ့စဥ် အစာမစားမီ နာရီဝက်ခန့်ကြိုတင်၍ သောက်ပါ။
ဘေးထွက်ဆိုးကျိုးများ
ပျို့အန်ခြင်း၊ ဝမ်းပျော့ပျော့သွားခြင်းနှင့် မစင်တွင်း အဆီပါခြင်း အနည်းငယ် ဖြစ်တတ်ပါသည်။
အသုံးမပြုသင့်သောအခြေအနေများ
ပင်လယ်စာ မတည့်သောသူများနှင့် သွေးကျဲဆေး သောက်သုံး နေရသောလူနာများ မသောက်သုံးရပါ။
အခြားဆေးများနှင့် ဓာတ်ပြုမှု
ခိုင်တိုစန်ကို ဗီတာမင်အေ၊ ဒီ၊ အီး၊ ကေ နှင့် အဆီ၌ပျော်ဝင်နိုင်သောဆေးများနှင့် (၂) နာရီခြား၍ သောက်ပါ။
ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆ဝ) ပါဝင်ပါသည်။
