နာနတ်သီးဆေး

For healthy digestive system

Bromelain
Bromelain

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း
နာနတ်သီးမှရသော Bromelain (ဘရိုမယ်လိန်း) ………… ၁၆၀ မီလီဂရမ်
ဘရိုမယ်လိန်းဆိုသည်မှာ ပရိုတင်းကို ချေဖျက်ပေးနိုင်သည့် နာနတ်သီးတွင် ပါဝင်သော အစွမ်းထက် အင်ဇိုင်းတစ်မျိုး ဖြစ်ပါသည်။

ဆေးဖက်ဝင်အာနိသင်များ
◆ ဘရိုမယ်လိန်းသည် အစာခြေအင်ဇိုင်းများဖြစ်သော trypsin နှင့် pepsin တို့၏ အကျိုးအာနိသင်ကို ပိုမိုကောင်းမွန်စေပါသည်။ ထို့အပြင် ခန္ဓာကိုယ်ရှိ အစာခြေအင်ဇိုင်းများ လျော့နည်းမှုကြောင့် ဖြစ်ပေါ်လာသော ဝမ်းပျက်ဝမ်းလျှောခြင်း၊ ရင်ပူခြင်းများကိုလည်း လျော့နည်းသက်သာစေပါသည်။
◆ ဘရိုမယ်လိန်းသည် နာတာရှည် အဆုတ်လေပြွန်ရောင်ရောဂါ ခံစားနေရသူများတွင် ချောင်းဆိုးခြင်းနှင့် ချွဲသလိပ်များကြောင့် အဆုတ်လေပြွန် ပိတ်ဆို့နေခြင်းကို သက်သာစေပါသည်။ ထိပ်ကပ်နာရောဂါကြောင့် နှာခေါင်းအမြှေးပါး ရောင်ရမ်းခြင်းကိုလည်း လျော့နည်းသက်သာစေပါသည်။
◆ ၁၉၉၅ ခုနှစ်တွင် ဂျာမန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ဘရိုမယ်လိန်းသည် ကြွက်သားရောင်ရမ်းခြင်း၊ ထိခိုက်ဒဏ်ရာကြောင့် အညိုအမည်းစွဲခြင်းနှင့် နာကျင်ခြင်းများကို လျော့နည်းသက်သာစေပါသည်။

ရရှိနိုင်သော အကျိုးကျေးဇူးများ
◆ အစာခြေစနစ်၏ လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေခြင်း
◆ နာတာရှည် အဆုတ်လေပြွန်ရောင်ရောဂါနှင့် ထိပ်ကပ်နာရောဂါကို သက်သာစေခြင်း
◆ ကြွက်သားနာကျင်ခြင်းနှင့် နာတာရှည် အဆစ်အမျက်နာခြင်းကို လျော့ပါးသက်သာစေခြင်း

သုံးစွဲရန်ဆေးပမာဏ
၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတောင့် တစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာနှင့်ခြား၍ သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ
◆ အချို့သောသူများတွင် အနည်းငယ်ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း ဖြစ်နိုင်ပါသည်။
◆ နာနတ်သီးနှင့် မတည့်သောသူများတွင် ဓာတ်မတည့်ခြင်းလက္ခဏာများ ဖြစ်တတ်ပါသည်။

သတိပြုရန်
မခွဲစိတ်မီ ၂ ပတ် အလိုတွင် ဆေးသောက်သုံးခြင်းကို ခေတ္တရပ်ထားရန် လိုအပ်ပါသည်။

အခြားသောဆေးများနှင့် ဓာတ်ပြုမှု
ဘရိုမယ်လိန်းကို ပဋိဇီဝဆေးများနှင့် တွဲဖက်သောက်သုံးပါက ယင်းဆေးများ၏ အစွမ်းအာနိသင်ကို ပိုမို တိုးလာစေနိုင်ပါသည်။
ထို့အပြင် သွေးကျဲဆေးများနှင့် တွဲဖက်သောက်သုံးပါကလည်း သွေးကျဲစေသည့် အစွမ်းကို ပိုမိုတိုးလာစေနိုင်ပါသည်။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.