ဘလူးဘယ်ရီဆေး
Proanthocyanidin


Proanthocyanidin ပါဝင်သော
ဘလူးဘယ်ရီ အဆီအနှစ် ………. ၁ဝဝ မီလီဂရမ်
ရရှိနိုင်သောအကျိုးကျေးဇူးများ
ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းကို သက်သာစေခြင်း
ဘလူးဘယ်ရီတွင် ပါဝင်သော ဒြပ်ပေါင်းများသည် 8-isoprostanes
မော်လီကျုးကို လျှော့ချပေးနိုင်သဖြင့် ရောင်ရမ်းခြင်းဖြစ်စဥ်တွင်
ပါဝင်သော ပရိုတင်း MCP-1 ကို နည်းစေသောကြောင့် ရောင်ရမ်းနာကျင်ခြင်းကို သက်သာစေသည်။ ရောင်ရမ်းခြင်း မဖြစ်ပေါ်မီအခြေအနေတွင် ထိန်းချုပ်ပေးနိုင်သော NF-kB ဖြစ်စဥ်တွင် DNA ဗီဇအသွင်ပြောင်းခြင်းကိုလည်း လျှော့ချ ပေးသည်။ ထို့ပြင်ကင်ဆာရောဂါနှင့် ဆက်နွယ်နေသော ရောင်ရမ်းခြင်းများကိုဖြစ်စေသည့် ပရိုတင်းများကို လျှော့ချ ပေးခြင်းဖြင့်လည်း ကင်ဆာဆဲလ်ပွားများမှုကို ဟန့်တား ပေးနိုင်သည်။
နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း
ဘလူးဘယ်ရီတွင် ပါဝင်သော polyphenol ဒြပ်ပေါင်းများသည်
သွေးလွှတ်ကြောတွင်း ဖိအားကျစေခြင်း၊ သွေးတွင်းအဆီဓာတ် လွန်ကဲခြင်းကြောင့်ဖြစ်သော သွေးကြောကျဥ်းခြင်းကို လျှော့ချ
ပေးနိုင်ခြင်း၊ သွေးလွှတ်ကြောနံရံမာခြင်းနှင့် သွေးလွှတ်ကြော အတွင်းသွေးခဲခြင်းကို လျော့နည်းသက်သာစေခြင်းစသော အာနိသင်များရှိခြင်းကြောင့် နှလုံးကျန်းမာရေးကို များစွာ အထောက်အကူပြုပါသည်။
ဦးနှောက်နှင့် မှတ်ဉာဏ်စွမ်းရည်ကို ကောင်းမွန်စေခြင်း
ဘလူးဘယ်ရီတွင် ပါဝင်သော polyphenol ဒြပ်ပေါင်းများသည် amyloid fibril ဖြစ်စဥ်ကို လျှော့ချပေးနိုင်သဖြင့် အသက်အရွယ်ကြီး၍ အာရုံကြောချို့ယွင်းလာခြင်းကို လျော့နည်း သက်သာစေနိုင်ပါသည်။
ထို့ပြင် အစွမ်းထက် flavonoid ဒြပ်ပေါင်းများလည်း ပါဝင်သဖြင့် အသက်အရွယ်ကြီး၍ မှတ်ဉာဏ်ကျဆင်းခြင်းကို နှေးကွေးပြီး ဦးနှောက်နှင့် အာရုံကြောလုပ်ငန်းများကို ပိုမိုကောင်းမွန်စေသည်။
သုံးစွဲရန်ဆေးပမာဏ
၂ နှစ်မှ ၅နှစ်ထိ-တစ်နေ့လျှင် ဆေးတစ်တောင့်၊
၅နှစ်မှ ၁၂နှစ်ထိ-တစ်နေ့လျှင် ဆေးတစ်တောင့်မှ နှစ်တောင့်၊
၁၂ နှစ်နှင့် အထက်-တစ်ခါသောက် ဆေးတစ်တောင့်မှ နှစ်တောင့် တစ်နေ့နှစ်ကြိမ် အစာစားပြီးသောက်ပါ။
သတိပြုရန်
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ကျွမ်းကျင်သော သမားတော်
နှင့်ပြပြီးမှ အသုံးပြုပါ။
ဘေးထွက်ဆိုးကျိုး
သတ်မှတ်ထားသော ပမာဏအတိုင်းသောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။
ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆ဝ) ပါဝင်ပါသည်။
