ဂျင်းနက်ဆေး

Energy booster

BlackGinger
BlackGinger

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း
ချင်း(ဂျင်း)နက် အဆီအနှစ် ………… ၁၀၀ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ
ကျန်းမာနုပျိုစေခြင်း
လူ့ခန္ဓာကိုယ် အရေပြားကလာပ်စည်းများနှင့် အမွေးရိတ်ထားသော ကြွက်များတွင် စမ်းသပ်ချက်များအရ ချင်း(ဂျင်း)နက်အဆီအနှစ်သည် အသားအရေ အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေသည်။ ထို့အပြင် ချင်း(ဂျင်း)နက်သည် အရေပြားတွင် အရောင်ကျစေနိုင်သော အစွမ်းအာနိသင်နှင့် ဓာတ်တိုးဆန့်ကျင်နိုင်သော အစွမ်းအာနိသင်တို့ကို ဖြစ်ပေါ်စေသောကြောင့် ခန္ဓာကိုယ်အရေပြားတွင် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေသည်။ ထို့ကြောင့် ဆံသားအတွက် လိုအပ်သော အာဟာရဓာတ်များကိုဖြည့်ဆည်းပေးနိုင်ပြီး ဆံသားများကို နက်မှောင်သန်စွမ်းစေသည်။ အရေပြားတွင် ဖြစ်တတ်သည့် ခရုသင်း (သမင်ဖြူ) များကိုလည်း လျော့နည်းသက်သာစေသည်။

အမျိုးသားခွန်အားတိုးစေခြင်း
ချင်း(ဂျင်း)နက်သည် အရှေ့တောင်အာရှနိုင်ငံများတွင် ပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပြီး ရှေးယခင်ကတည်းကပင် အမျိုးသားခွန်အားတိုးစေရန် သုံးစွဲခဲ့ကြသည်။ အမြစ်ဥတွင် ပါဝင်သော methoxyflavone ဟုခေါ်သည့် ဆေးဖက်ဝင်ဒြပ်ပေါင်းသည် ခန္ဓာကိုယ်တွင်းရှိ phosphodiesterase အင်ဇိုင်းကို ဟန့်တားပေးသည်။ ထို့ကြောင့် အမျိုးသားလိင်အင်္ဂါဆီသို့ သွေးပို့ဆောင်ပေးသည့် သွေးကြောများကျယ်လာပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေသည်။ သို့သော်လည်း နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်အပေါ်တွင် အကျိုးသက်ရောက်မှု မရှိပေ။

ကိုယ်ခန္ဓာကြံ့ခိုင်မှုစွမ်းအင်အပေါ် အကျိုးသက်ရောက်ခြင်း
ချင်း(ဂျင်း)နက် အဆီအနှစ်တွင် ပါဝင်သော polymethoxyflavones ဟုခေါ်သည့် ဆေးဖက်ဝင်ဒြပ်ပေါင်းများသည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်များ ထုတ်လုပ်ခြင်းကို အားပေးသည်။ ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေသည့်အပြင် ကြွက်သားများကိုလည်း သန်မာစေရန် လုပ်ဆောင်ပေးသည်။ ချင်း(ဂျင်း)နက်သည် အသက်အရွယ်ကြီးသူများနှင့် ကိုယ်ကာယ အားကစားသမားများတွင်လည်း ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းစေရန် အထောက်အကူပြုပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေကြောင်း သုတေသန လေ့လာချက်များအရ သိရှိရပါသည်။

ဓာတ်မတည့်ခြင်းကို သက်သာစေခြင်း
Tewtrakul နှင့် သုတေသနအဖွဲ့သည် ချင်း၊ နနွင်းမျိုးနွယ်ဝင် အပင်အချို့၏ ဓာတ်မတည့်ခြင်းကို သက်သာစေသည့် အစွမ်းအာနိသင်နှင့် ပတ်သက်၍ လေ့လာခဲ့ကြသည်။ လေ့လာတွေ့ရှိချက်အရ ယင်းအပင်များအနက် ချင်း(ဂျင်း)နက် အဆီအနှစ်သည် အစွမ်းအထက်မြက်ဆုံးဖြစ်သည်။ ထို့ကြောင့်လည်း ရှေးယခင်ကတည်းကပင် ချင်း(ဂျင်း)နက်ကို ဓာတ်မတည့်ခြင်း၊ ဓာတ်မတည့်ခြင်းနှင့် ဆက်စပ်သော ရောဂါများကုသရာတွင် အသုံးပြုခဲ့ကြခြင်း ဖြစ်ပါသည်။

ရရှိနိုင်သော အကျိုးကျေးဇူးများ
◆ ကျန်းမာနုပျို၍ ခွန်အားတိုးစေခြင်း
◆ ကိုယ်ခန္ဓာကြံ့ခိုင်စေခြင်း
◆ ဓာတ်မတည့်ခြင်းကို သက်သာစေခြင်း

သုံးစွဲရန်ဆေးပမာဏ
၁၈ နှစ် နှင့် အထက် – တစ်နေ့လျှင် ဆေးတစ်တောင့်မှ နှစ်တောင့် သောက်ပါ။

ဘေးထွက်ဆိုးကျိုး
ချင်း(ဂျင်း)နက်သည် အချို့သောသူများတွင် ခန္ဓာကိုယ်အပူချိန်ကို အနည်းငယ် မြင့်တက်စေနိုင်ပါသည်။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.