ခန်းတောက်မြစ်ဆေး

Berberine 200 mg

Berberex
Berberex

ဆေးပြားတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း
ခန်းတောက်မြစ် အဆီအနှစ် ………. ၂ဝဝ မီလီဂရမ်တွင် ဘာဘရင်းဒြပ်ပေါင်း အဓိကပါဝင်ပါသည်။

ရရှိနိုင်သောအကျိုးကျေးဇူးများ
သွေးတွင်းအချိုဓာတ်ကို မျှတစေသော အာနိသင်ရှိခြင်း
သိပ္ပံနည်းကျ စမ်းသပ်ချက်များအရ ခန်းတောက်မြစ်တွင် ပါဝင်သော ဘာဘရင်းဒြပ်ပေါင်းသည် အင်ဆူလင်ထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်ခြင်း၊ ဂလူးကိုစ့်တည်ဆောက်ခြင်းကို ဟန့်တားပေးခြင်း၊ ခန္ဓာကိုယ်ရှိ ကြွက်သားများနှင့် တစ်သျှူးများမှ အချိုဓာတ်ကို ရယူသုံးစွဲနိုင်အောင် ကူညီပေးခြင်း၊ သကြားဓာတ်၏ ဇီဝဖြစ်ပျက်ခြင်းဖြစ်စဉ်ကို ပိုမိုကောင်းမွန်စေခြင်း၊ အူလမ်းကြောင်းမှ အချိုဓာတ် စုပ်ယူမှုကို ဟန့်တားပေးခြင်းတို့ကြောင့် ဆီးချိုကျစေသော အာနိသင်ရှိကြောင်း တွေ့ရှိရပါသည်။

ယူရစ်အက်ဆစ်ပမာဏကို လျှော့ချပေးနိုင်ခြင်း
လေ့လာစမ်းသပ်ချက်များအရ ဘာဘရင်းဒြပ်ပေါင်းသည် ခန္ဓာကိုယ်တွင်း ယူရစ်အက်ဆစ်ကို ထုတ်လုပ်ပေးသော ဇန်သင်း အောက်ဆီဒေ့စ် အင်ဇိုင်းကို ဟန့်တားပေးခြင်းဖြင့် သွေးတွင်းရှိ ယူရစ်အက်ဆစ်ပမာဏကို လျှော့ချပေးနိုင်သည်။ ထို့ပြင် ကျောက်ကပ်၏လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေပြီး ဆီးနှင့်အတူ ယူရစ်အက်ဆစ်စွန့်ထုတ်မှု ပိုမိုများပြားစေသည်။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို အားပေးသော အန်အယ်အာပီ-၃ မျိုးဗီဇကို ဟန့်တားခြင်းဖြင့် ယူရစ်အက်ဆစ်ခရစ်စတယ်များ စုပုံခြင်းကြောင့်ဖြစ်သော အဆစ်အမျက်ရောင်ရမ်းခြင်းကို လျော့ကျစေပြီး ဂေါက်ရောဂါကို သက်သာစေသည်။

ဆဲလ်များ၏ စွမ်းအင်လုပ်ငန်းများကို ကောင်းမွန်စေခြင်းဖြင့် အဆီကျ၍ နုပျိုလှပစေခြင်း
ခန္ဓာကိုယ်၏ စွမ်းအင်လုပ်ငန်းစဉ်များတွင် AMPK သည် အရေး ပါသော အင်ဇိုင်းတစ်မျိုးဖြစ်သည်။ ဘာဘရင်း ဒြပ်ပေါင်းသည် AMPK ဆင့်ကဲဖြစ်စဉ်တွင် ဆဲလ်များ၏ စွမ်းအင်လုပ်ငန်းများကို ကောင်းမွန်စေခြင်းဖြင့် အိုမင်းခြင်းကို နှေးကွေးစေသည်။ ဇီဝဖြစ်စဉ် မမှန်ကန်၍ဖြစ်သော ရောဂါလက္ခဏာများနှင့် အသက်အရွယ်ကြီး၍ဖြစ်သော ခန္ဓာကိုယ်တွင်း ပျက်စီးမှုကို လျှော့ချပေးခြင်းဖြင့် ပို၍ကျန်းမာစေသည်။

ရောဂါဖြစ်စေနိုင်သော ပိုးမွှားများကို နှိမ်နင်းနိုင်သော အာနိသင်ရှိခြင်း
လေ့လာတွေ့ရှိချက်များအရ ဘာဘရင်းသည် ရောဂါပိုးများ နှိမ်နင်းရာတွင် အစွမ်းအာနိသင်ရှိကြောင်း သိရှိရပါသည်။ ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ ပြည်တည်ခြင်းနှင့် အဖြူဆင်းခြင်းစသော ရောဂါများတွင် အသုံးပြုနိုင်သည်။

သုံးစွဲရန်ဆေးပမာဏ
၁၂ နှစ်နှင့်အထက် – တစ်ခါသောက် ဆေးပြားတောင့်
တစ်တောင့်မှ နှစ်တောင့် တစ်နေ့နှစ်ကြိမ် အစာစားပြီးသောက်ပါ။

ဘေးထွက်ဆိုးကျိုး
သွေးချိုဓာတ်ကို အနည်းငယ်ကျစေပါသည်။

အသုံးမပြုသင့်သော အခြေအနေများ
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ၁၂နှစ်အောက်ကလေးများ

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးပြားတောင့် (၆ဝ) ပါဝင်ပါသည်။

Copyright© 2026 FAME Pharmaceuticals Industry Co., Ltd. All rights reserved.