အဆစ်အားဖြည့်ဆေး


ငါးအရိုးနုမှရသော
ဂလူကိုစမင်းနှင့် ခွန်ဒရိုင်တင် …..၄ဝဝ မီလီဂရမ်
(ပြင်သစ်နိုင်ငံတွင်ထုတ်လုပ်သော CARTIDYSS® ကုန်ကြမ်းဖြင့် ပိုမိုကောင်းမွန်အောင် မွမ်းမံဖော်စပ်ထားပါသည်။)
ငါးအရိုးနုတွင် type II collagen နှင့် hyaluronic acid များလည်း ကွန်ယက်သဖွယ် အချိုးကျပါဝင်သဖြင့် အရိုးအဆစ်အတွက် များစွာအထောက်အကူပြုသည်။
ရရှိနိုင်သောအကျိုးကျေးဇူးများ
- အဆစ်အမျက်ရောင်ရောဂါတွင် အသုံးပြုရန်
- အရိုးအဆစ်များ သန်မာကြံ့ခိုင်စေရန်
သန်မာသောအရိုးများ၏ သုံးပုံတစ်ပုံခန့်ကို collagen ဖြင့် ဖွဲ့စည်းထားပြီး အရိုးနု၏ ၆ဝ%တွင် type ll collagen ပါဝင်ပါသည်။ Collagen ပမာဏလုံလောက်နေပါက အရိုးအဆစ် တည်ဆောက်ရာတွင် လိုအပ်သော proteoglycans ထုတ်လုပ်မှုကို တိုးပွားစေသဖြင့် အရိုးများခိုင်ခံ့စေနိုင်သည်။ ငါးအရိုးနုမှရသော hydrolysed collagen သည် calcium စုပ်ယူမှုကိုလည်း ပိုမို တိုးမြှင့်ပေးသည်။
Hyaluronic acid သည် အရိုးနုအတွက် မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဆစ်၏ လှုပ်ရှားနိုင်မှုကိုလည်း ပိုမိုချောမွေ့စေသည်။
Glucosamine သည် အရိုးအဆစ်များ တည်ဆောက်နိုင်ရန် လိုအပ်သောဒြပ်ပေါင်းတစ်မျိုးဖြစ်သည်။ အရိုးနုတည်ဆောက်နိုင်သော ကလာပ်စည်းများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးသည်။
ဂလူကိုစမင်းကို သောက်သုံးလိုက်သောအခါ အူမှစုပ်ယူပြီး တွယ်ဆက်တစ်သျှူးများဆီသို့ ပို့ဆောင်ပေးနိုင်ခြင်းဖြင့် အရိုးနုများပြန်လည်တည်ဆောက်ရာတွင် ကူညီပေးပြီး အဆစ် လှုပ်ရှားနိုင်မှုစွမ်းရည်ကို ပိုမိုကောင်းမွန်လာစေသည့်အတွက် အဆစ်အမျက်ရောင်ရောဂါကို သက်သာစေသည်။
Chondroitin သည် အရိုးအဆစ်များကြားရှိ အရိုးနုများ ဖြစ်တည်မှုတွင် အခြေခံလိုအပ်ချက်ဖြစ်သော proteoglycans ကိုဖြည့်တင်းပေးနိုင်သည်။ ထို့ပြင် အရိုးနု နှင့် အဆစ်ကြားရှိချောဆီ Synovial fluid တွင် အဓိကပါဝင်သော hyaluronic acid ပမာဏကိုတိုးစေသဖြင့် အလုပ်ဒဏ် နှင့် အသက်အရွယ်ကြောင့် ခန်းခြောက်လာသောချောဆီကို များပြားစေ၍ အကွေးအဆန့် လှုပ်ရှားမှုကို ပိုမိုကောင်းမွန် ချောမွေ့စေပြီး နာကျင်မှုကို သက်သာစေသည်။
သုံးစွဲရန်ဆေးပမာဏ
အသက် ၅ နှစ် မှ ၁၂ နှစ် – တစ်ခါသောက် ဆေးတစ်တောင့်
တစ်နေ့တစ်ကြိမ်၊ အသက် ၁၃ နှစ် မှ ၁၈ နှစ် – တစ်ခါသောက်
ဆေးတစ်တောင့် တစ်နေ့နှစ်ကြိမ်၊ လူကြီး – တစ်ခါသောက်
ဆေးတစ်တောင့် တစ်နေ့သုံးကြိမ် သောက်နိုင်ပါသည်။
ဘေးထွက်ဆိုးကျိုး
ပင်လယ်စာနှင့် မတည့်သောသူများတွင် ဓာတ်မတည့်ခြင်း ဖြစ်နိုင်သည်မှလွဲ၍ ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။
သတိပြုရန်
ပင်လယ်စာနှင့် မတည့်သောသူများတွင် ဆေးအနည်းငယ်မှ စတင်စမ်းသောက်ပါ။ ဆေးမတည့်သည့်လက္ခဏာများ ပေါ်ပေါက် လာပါက ဆေးကိုဆက်မသောက်သင့်ပါ။
အသုံးမပြုသင့်သောအခြေအနေများ
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အသုံးမပြုသင့်ပါ။
ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆ဝ) ပါဝင်ပါသည်။
