ခြေဖနောင့်ကွဲအက်ပျောက်ဆေး


ရှားစောင်းလက်ပပ် အဆီအနှစ်………………. ဝ.၈ မီလီလီတာ
ဆီးဖြူသီး အဆီအနှစ်……………………………. ဝ.၈ မီလီလီတာ
ကင်ပွန်းသီး အဆီအနှစ်………………………….. ဝ.၈ မီလီလီတာ
မန်ကျည်းသီး အဆီအနှစ်……………………….. ဝ.၈ မီလီလီတာ
မင်းကွတ်သီး အဆီအနှစ်………………………… ဝ.၈ မီလီလီတာ
နွယ်ချို အဆီအနှစ်…………………………………. ဝ.၈ မီလီလီတာ
ဆေးဖက်ဝင်အာနိသင်များ
- ရှားစောင်းလက်ပပ် တွင် ပါဝင်သော Polysaccharides နှင့် Magnesium lactate သည် အစိုဓာတ်ပေးစွမ်းမှု အာနိသင်ကြောင့် အရေပြားခြောက်သွေ့ခြင်း၊ ကွဲအက်ခြင်း၊ နာကျင်ခြင်းများကို ကင်းဝေးစေပါသည်။
- ဆီးဖြူသီး သည် Vitamin C ကြွယ်ဝ၍ အရေပြားဆဲလ်များပျက်စီးမှုကို ဖယ်ရှားပေးခြင်းနှင့်အတူ ဆဲလ်အသစ် ဖြစ်ပွားမှုတို့ကို လျင်မြန်စွာ ပေးစွမ်းပါသည်။
- ကင်ပွန်းသီး ရှိ Acacinin ဒြပ်ပေါင်းသည် အရေပြားထူနေခြင်းနှင့် ညစ်ညမ်းခြင်းကို လျော့ပါးစေပါသည်။
- မန်ကျည်းသီး တွင် ပါဝင်သော Tartaric acid သည် အသားအရေနူးညံ့ပျော့ပျောင်းစေပြီး ယားယံခြင်းကို ပျောက်ကင်းစေပါသည်။
- မင်းကွတ်သီး ရှိ Xanthones သည် ပိုးပေါက်ခြင်းမှ ဖြစ်ပေါ်သော အနံ့ဆိုးများကို ဟန့်တားနိုင်သည့်အပြင် အရောင် ကျစေနိုင်သော အာနိသင်ကိုလည်း ရရှိနိုင်ပါသည်။
- နွယ်ချို မှ ရရှိသော Glabrene ဒြပ်ပေါင်းသည် ကွဲအက်သောဖနောင့်မျက်နှာပြင်ကို ပင်ကိုယ်အရောင်အသွေး အတိုင်း ပြန်လည်ရရှိစေပါသည်။
ရရှိနိုင်သောအကျိုးကျေးဇူးများ
ခြေဖနောင့်နှင့် တံတောင်ဆစ်ကွဲအက်ခြင်း၊ အသားမာဖြစ်ခြင်းနှင့် ခြေဖနောင့်တွင် မှိုစွဲနာဖြစ်ခြင်းတို့ကို သက်သာစေပါသည်။
အသုံးပြုပုံ
သန့်စင်ခြောက်သွေ့ပြီးစ၌ တစ်နေ့(၂) ကြိမ် လိမ်းနိုင်ပါသည်။
ဘေးထွက်ဆိုးကျိုး
ခြေဖနောင့်နှင့် တံတောင်ဆစ်အတွင်းသားထိ ကွဲအက်သော နေရာများတွင် လိမ်းပါက အနည်းငယ်စပ်ဖျဥ်းဖျဥ်း ဖြစ်နိုင်ပါ သည်။
သတိပြုရန်
ပြင်ပလိမ်းရန်အတွက်သာ၊ ကလေးများလက်လှမ်းမမီသောနေရာတွင်ထားပါ။ ဆေးလိမ်းပြီး ဓာတ်မတည့်ခြင်းများရှိပါက ဆက်လိမ်းရန်မသင့်ပါ။
ထုပ်ပိုးပုံ
ညှစ်ဆေးတစ်ဘူးတွင် လိမ်းဆေး (၄ဝ)ဂရမ် ပါဝင်ပါသည်။
