နှင်းဆီသီးဆေး

Herbal Joint Care

RoseHip
RoseHip

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း
နှင်းဆီသီးအဆီအနှစ် ………… ၂၅ဝ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ
နှင်းဆီသီးတွင်ပါဝင်သော polyphenols, triterpenoids နှင့် Galactolipid ဒြပ်ပေါင်းများသည် အဆစ်အမျက် ရောင်ရမ်း နာကျင်ခြင်းနှင့် ပျက်စီးခြင်းကို လျော့နည်းသက်သာစေသည်။ Galactolipid ဒြပ်ပေါင်းတစ်မျိုးသည် အရိုးနုဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးပြီး အသစ်တစ်ဖန် ပြန်လည်ဖြစ်ပေါ်စေပါသည်။

နှင်းဆီသီးတွင် ပါဝင်သော ဆေးဖက်ဝင်ဒြပ်ပေါင်းများသည် ရောင်ရမ်းစေသော ဓာတ်ပစ္စည်းများကို လျော့နည်းစေသည်။ အဆစ်အမျက်ရောင်ရောဂါနှင့် ခုခံအားစနစ် ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်ပွားသော အဆစ်ရောင်ရောဂါ (သွေးလေးဖက်နာ) တို့တွင် ဇီဝပျက်ယွင်းမှုဖြစ်စဥ်ကို လျှော့ချပေးပြီး အရိုးနုလေးများ ပျက်စီးခြင်းကို ကာကွယ်ပေးသည်။

သုတေသနစမ်းသပ်ချက်များအရ နှင်းဆီသီးအဆီအနှစ်ကို သုံးလကြာ သောက်သုံးပြီးနောက် အဆစ်အမျက်ရောင်လူနာ များတွင် နာကျင်ခြင်း ဝေဒနာလျော့နည်းသက်သာသွားကြောင်း တွေ့ရသည်။ ထပ်မံလေ့လာတွေ့ရှိချက်များအရ တင်ပါးဆုံရိုးနှင့် ဒူးခေါင်းနာကျင်သော လူနာများသည် နှင်းဆီသီးသောက်သုံးပြီး သုံးပတ်အကြာတွင် နာကျင်မှုသက်သာသွားပြီး သုံးလကြာ ကုသမှုခံယူပြီးနောက် အဆစ်အမျက်နာကျင်ခြင်းကြောင့် မလှုပ်ရှားနိုင်ခြင်း၊ တောင့်တင်းနာကျင်ခြင်းနှင့် ရောဂါပြင်းထန်မှုကို သိသိသာသာလျော့နည်းသွားစေသည်။

ရရှိနိုင်သော အကျိုးကျေးဇူးများ
• အဆစ်အမျက်ရောင်ရမ်းနာကျင်ခြင်းကို သက်သာစေခြင်း
• အဆစ်အမျက်များကောင်းစွာ လှုပ်ရှားနိုင်စေခြင်း

သုံးစွဲရန်ဆေးပမာဏ
၁၂နှစ်နှင့်အထက် – တစ်ခါသောက် ဆေးတစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့နှစ်ကြိမ် အစာစားပြီး သောက်ပါ။

ဘေးထွက်ဆိုးကျိုး
သတ်မှတ်ထားသော ပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.