ပျားဝတ်မှုန်ဆေး


ပျားဝတ်မှုန်…………………၂၅ဝ မီလီဂရမ်
ခရမ်းချဥ်သီးအမှုန့်……………၅ဝ မီလီဂရမ်
သုံးစွဲနိုင်သောရောဂါများ
၁။ ဆီးကျိတ်ကြီးခြင်း
ပျားဝတ်မှုန်သည် ဆီးကျိတ်ကြီးထွားလာမှုကို အားပေးသော DHT ဟော်မုန်းအား တားဆီးပေးခြင်းဖြင့် ဆီးကျိတ်ကြီးခြင်းကိုသက်သာစေပါသည်။ ဆီးအိတ်ကြွက်သားများတင်းကျုံ့မှုကိုလျော့နည်းစေ၍ ဆီးသွားရလွယ်ကူစေသည်။
၂။ အာဟာရဓာတ်လျော့နည်းခြင်း
ပျားဝတ်မှုန်တွင် လူတစ်ယောက်အတွက်လိုအပ်သော အာဟာရဓာတ်များပေါကြွယ်ဝစွာပါဝင်ပါသည်။ အသားဓာတ် ၂၅% ပါဝင်ကာ အမိုင်နိုအက်ဆစ် (၂၂) မျိုးအထိ ပါဝင်ကြောင်းသိရပါသည်။ ထို့အပြင် မရှိမဖြစ် အဆီဓာတ်များ၊ ကာဘိုဟိုက်ဒြိတ်နှင့် ဗီတာမင်ဓာတ်များ စုံညီစွာပါဝင်ပါသည်။ ခန္ဓာကိုယ်အတွက်အရေးပါသော အင်ဇိုင်းဓာတ်များ၊ သွေးကြောများ ခိုင်မာစေသော Rutin ခေါ် ဓာတ်ပစ္စည်း၊ အရောင်ကျစေသော ဓာတ်ပစ္စည်းများလည်း များစွာပါဝင်ပါသည်။
၃။ ကာမဆန္ဒအားနည်းခြင်း
ပျားဝတ်မှုန်တွင် မျိုးပွားအင်္ဂါများကို အားပေးလှုံ့ဆော်ပေးသောသဘာဝဟော်မုန်းဓာတ်များ ပါဝင်ပါသည်။
၄။ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူစဥ် ခံစားရသည့် ဘေးထွက်ဆိုးကျိုးများ
ပျားဝတ်မှုန်သည် မြစ်ပွားနာဝေဒနာရှင်များ ဓာတ်ရောင်ခြည် သင့်ခြင်းကြောင့်ခံစားရသော မူးဝေခြင်း၊ အိပ်မပျော်ခြင်းနှင့် ဆီးလမ်းကြောင်းဝေဒနာများကို လျော့နည်းသက်သာစေပါသည်။
သုံးစွဲရန်ဆေးပမာဏ
၁။ ပုံမှန်မနက်တစ်တောင့် ညနေတစ်တောင့်အစာစားပြီးသောက်ပါ။ (၁၂ နှစ်အောက် ကလေးများ တစ်နေ့ တစ်တောင့်သာသောက်ရန်လိုပါသည်။)
၂။ အိုမင်းရင့်ရော်ခြင်းကို ဟန့်တားစေလိုပါက မနက်၂ တောင့်၊ညနေ ၂ တောင့် အစာစားပြီးသောက်ပါ။
၃။ ဆီးကျိတ်ကြီးခြင်းအတွက် တစ်ခါသောက် ၂ တောင့်၊ တစ်နေ့သုံးကြိမ်နှင့် ၆ လ ဆက်တိုက်သောက်ပါ။ ၆ လ ကျော်လျှင် တစ်ခါသောက် ၂ တောင့်၊ တစ်နေ့နှစ်ကြိမ် ဆက်သောက်ပါ။
၄။ မြစ်ပွားနာရောဂါသည်များဓာတ်ကင်ပြီး အသုံးပြုလိုပါက တစ်ခါသောက် ၁ဝ တောင့် တစ်နေ့နှစ်ကြိမ်သောက်ပါ။ (ဓာတ်မကင်မီ တစ်ပတ်ကြိုသောက်ပါ။ ဓာတ်ကင်ပြီး တစ်ပတ်ကြာသည်အထိဆက်သောက်ပါ။)
ဘေးထွက်ဆိုးကျိုး
အချို့သောသူများတွင် ပျားဝတ်မှုန်နှင့် ဓာတ်မတည့်ခြင်း ဖြစ်နိုင်သည်မှလွဲ၍ ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။
သတိပြုရန်
ပန်းနာရင်ကျပ်ရှိသူများနှင့် ဆေးမတည့်တတ်သူများတွင် ဆေးအနည်းငယ်မှ စတင်စမ်းသောက်ရန်။
အသုံးမပြုသင့်သောအခြေအနေ
ပျားဝတ်မှုန်နှင့်မတည့်သူများ မသောက်သုံးသင့်ပါ။
ထုပ်ပိုးပုံ
ဆေးတစ်ကတ်လျှင် ဆေးတောင့် (၁ဝ) တောင့်၊ ဆေးတစ်ဘူးလှင် ဆေးကတ် (၃) ကတ်ပါဝင်ပါသည်။
ဆေးတောင့် (၆ဝ) ဝင် ဆေးဘူးနှင့်လည်း ထုတ်လုပ်ပါသည်။
