အရိုးပါး၊အရိုးပွရောဂါ

အရိုးပါး၊ အရိုးပွရောဂါဆိုသည်မှာ အသက်ကြီးလာသည်နှင့်အမှ လူတိုင်းနီးပါး မလွဲမသွေကြုံတွေ့ရမည့် ကျန်းမာရေးပြဿနာတစ်ခုဖြစ်သောကြောင့် စောစီးစွာကာကွယ်ရန် လိုအပ်ပါသည်။

အရိုးပါး၊ အရိုးပွရောဂါကို ကာကွယ်ရန်ဖြစ်စေ၊ ကုသသည့်အခါတွင်ဖြစ်စေ အဓိကလိုအပ်သည့် အာဟာရ ဓာတ်များရှိပါသည်။ ယင်းအာဟာရဓာတ်များအနက် အရေးကြီးဆုံးမှာ ကယ်လ်စီယမ်ဓာတ်နှင့် ဗီတာမင်ဒီတို့ဖြစ်ပြီး ယင်းတို့ကြွယ်ဝစွာပါဝင်သည့် အစားအသောက်များကို ပုံမှန်စားပေးမည်ဆိုလျှင် အရိုးပါး၊ အရိုးပွရောဂါကို ကာကွယ်ပြီးသားဖြစ်ပါသည်။ မလုံလောက်လျှင် ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ ပါဝင်သော ဆေးဝါးများကို မှီဝဲရလေ့ရှိပါသည်။

အရိုးများသန်စွမ်းရန်အတွက် လူတစ်ယောက်တွင် လှုပ်ရှားမှုအမြဲရှိနေစေရန် လိုအပ်ပါသည်။ အလုပ် မသွားခင် နံနက်ပိုင်းနေရောင်ခြည်အောက်တွင် လမ်းလျှောက်သောအလေ့အကျင့်များ၊ ကိုယ်လက် လှုပ်ရှားမှုများလုပ်ပေးခြင်းဖြင့် အရိုးပါး၊ အရိုးပွရောဂါကို ကာကွယ်နိုင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.