အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာသည် အမျိုးသားများတွင် နံပါတ် (၁) အဖြစ်အများဆုံးဖြစ်ပြီး အမျိုးသမီးများတွင်မူ ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာပြီးလျှင် နံပါတ် (၃) နေရာ၌ ရှိနေပါသည်။

အဆုတ်ကင်ဆာဖြစ်ပွားရသည့် အကြောင်းရင်းများစွာအနက် ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်ရခြင်းမှာ အဓိကအကြောင်းရင်းဖြစ်၍ လူတိုင်းလူတိုင်း ဆေးလိပ်သောက်သုံးမှုကို ရှောင်ကြဥ်ကြ ခြင်းဖြင့် ဤရောဂါဆိုးကြီးမှ ကာကွယ်နိုင်ပါသည်။

ဆေးလိပ်သောက်သုံးခြင်းသည် မိမိအတွက် ကောင်းကျိုးမပေးရုံသာမက မိမိ၏မိးခိုးကိုရှူမိသူ ဇနီး၊ သားသမီး၊ အပေါင်းအသင်းနှင့် အနီးအနားရှိသူများကို အဆုတ်ကင်ဆာဖြစ်စေအောင်ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဆေးလိပ်သောက်နေသူအားလုံး သတိချပ်စေလိုပါသည်။

Copyright© 2026 FAME Pharmaceuticals Industry Co., Ltd. All rights reserved.