ပျားမြီးရွက်ဆေး

Natural medicine for diabetes

GynuHerb
GynuHerb

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း
အော်ဂဲနစ်ပျားမြီးရွက် လေလှန်းအခြောက်မှုန့် ………. ၃၀၀ မီလီဂရမ်

ပါဝင်သောဒြပ်ပေါင်းများ
ဆီးချိုရောဂါ သက်သာစေသော astragalin, chlorogenic acid, phytosterols (β-sitosterol, stigmasterol), sterol glycosides, adenosine, kaempferol, quercetin, quinic acid များ ပါဝင်ပါသည်။

ဆေးဖက်ဝင်အာနိသင်များ
၁။ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်ခြင်း
နိုင်ငံတကာ လေ့လာချက်များအရ သွေးချိုရောဂါရှိနေသော ကြွက်များကို ပျားမြီးရွက်အဆီအနှစ် တိုက်ကျွေးခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို သိသာစွာ လျော့ကျစေသည့်အပြင် သွေးတွင်းအဆီနှင့် ကိုလက်စထရော ပမာဏကိုလည်း လျော့ကျစေနိုင်သော အာနိသင်ရှိကြောင်း တွေ့ရှိရပါသည်။ ပျားမြီးရွက်အဆီအနှစ်သည် Pancreas gland မှ အင်ဆူလင်ဟော်မုန်းထွက်အောင် လှုံ့ဆော်ပေးနိုင်သော ဆီးချိုထိန်းဆေးများကဲ့သို့ အာနိသင်လည်းရှိသည်။

၂။ သွေးတိုးရောဂါကို သက်သာစေခြင်း
ပျားမြီးရွက်တွင် ပါဝင်သော glycoconjugated or peptidal substances များသည် သွေးကြောများကို ကျယ်စေပြီး ဆီးရွှင်စေသဖြင့် သွေးတိုးရောဂါ ကာကွယ်ထိန်းသိမ်း ကုသရာတွင် များစွာအကျိုးပြုပါသည်။

သုံးစွဲနိုင်သောရောဂါများ
◆ ဆီးချိုရောဂါ
◆ သွေးတိုးရောဂါ
◆ သွေးတွင်းအဆီဓာတ်လွန်ကဲသူများ

သုံးစွဲရန်ဆေးပမာဏ
လူကြီး – တစ်ခါသောက် ဆေးတစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ် အစာမစားမီ နာရီဝက်ခန့် ကြိုတင်သောက်သုံးပါ။

ဘေးထွက်ဆိုးကျိုး
သတ်မှတ်ထားသော ပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

သတိပြုရန်
◆ ပျားမြီးရွက်ဆေးကို အခြားသော ဆီးချိုကျဆေးများနှင့် တွဲဖက်သောက်သုံးမည်ဆိုပါက ကျွမ်းကျင်သော ဆရာဝန်နှင့် တိုင်ပင်၍ ချိန်ဆရန်လိုပါသည်။
◆ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ သောက်သုံးလိုပါက သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးတွင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.