လက်ဖက်စိမ်းဆေး

EGCG 150 mg

GreenTea
GreenTea
ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း
လက်ဖက်စိမ်းအဆီအနှစ်မှရသော EGCG ဒြပ်ပေါင်း …….. ၁၅ဝ မီလီဂရမ်

ရရှိနိုင်သောအကျိုးကျေးဇူးများ

ခန္ဓာကိုယ်၌ ပိုလျှံနေသောအဆီများကို လျှော့ချပေးခြင်း
လေ့လာစမ်းသပ်ချက်များအရ လက်ဖက်စိမ်းတွင် ပါဝင်သောဆေးဖက်ဝင်ဒြပ်‌ပေါင်းများသည် ခန္ဓာကိုယ်တွင်း မကောင်းသော အဆီများစုပ်ယူမှုကို ဟန့်တားပေးနိုင်သည်။ အဆီကို လောင်ကျွမ်းစေသော အာနိသင်ရှိသည့် norepinephrine ဟော်မုန်းကို ပျက်စီးစေသော ဃဥြွှ အင်ဇိုင်းကို ဟန့်တားခြင်းဖြင့် ခန္ဓာကိုယ်၌ပိုလျှံနေသည့် မကောင်းသောအဆီများ လျှော့ချပေးကာ ကျန်းမာ သော ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါသည်။

မြစ်ပွားနာဆဲလ်များ ပွားခြင်းကို ဟန့်တားပေးခြင်း
လက်ဖက်စိမ်းတွင်ပါဝင်သော catechin အုပ်စုဝင်ဒြပ်ပေါင်း များသည် ပုံမှန်ဆဲလ်များကိုသာ ကြီးထွားစေပြီး ကင်ဆာဆဲလ် များသို့အာဟာရပေးသည့် သွေးကြောသစ်များမဖြစ်စေရန် တားဆီးပေးသည်။ EGCG ဒြပ်ပေါင်းသည် ကင်ဆာဆဲလ် ကို တားဆီးပေးသော ပရိုတင်းများကို သိသိသာသာမြင့်တက် စေသည်။ ထို့ကြောင့် ကင်ဆာဆဲလ် ပွားနှုန်းရပ်တန့်စေရန် အထောက်အကူပြုပြီး အင်္ဂါအစိတ်အပိုင်းများသို့ ကင်ဆာဆဲလ် ပျံ့နှံ့ခြင်းကို ဟန့်တားပေးနိုင်သည်။ catechin အုပ်စုသည် ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်နိုင်သော အစွမ်းထက် အာနိသင် ဒြပ်ပေါင်းများဖြစ်သည်။

ဂျာမန်သုတေသနစာတမ်းအရ EGCG သည် အသည်း ကင်ဆာဆဲလ်ပျံ့နှံ့ခြင်းကို ထိထိရောက်ရောက် ဟန့်တား နိုင်စွမ်းရှိကြောင်း တွေ့ရသည်။ ထို့ပြင်ဦးခေါင်းနှင့် လည်ပင်းတစ်လျှောက်တွင်ဖြစ်သော ကင်ဆာဆဲလ်များ၊ ဆီးကျိတ်ကင်ဆာ ဆဲလ်များ၊ ရင်သားနှင့် သားဥအိမ်ကင်ဆာဆဲလ်များအပေါ်တွင် လည်း အကျိုးအာနိသင် ထက်မြက်ကြောင်းကို သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်များ အရသိရှိရပါသည်။

အရွယ်တင်နုပျိုစေခြင်း
EGCG သည် ဆပ်-၃ (SIRT 3) မော်လီကျူးကို လှုံ့ဆော်ပေးခြင်းဖြင့် ဆဲလ်များ အိုမင်းလာခြင်းကို နှေးကွေးစေပြီး ဇရာကြောင့် ဖြစ်သော လက္ခဏာများကို လျော့နည်းစေသည်။ ဇရာလွန်  အဖျက်ဆဲလ်များ သေစေရန်လည်း အားပေးသည့်အတွက် အရွယ်မတိုင်မီ အိုမင်းရင့်ရော်လာမှုကို ဟန့်တားပေးနိုင်ပြီး အရွယ်တင်နုပျိုစေပါသည်။

သုံးစွဲရန်ဆေးပမာဏ
၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတစ်တောင့် တစ်နေ့ နှစ်ကြိမ် အစာစားပြီးသောက်ပါ။

ဘေးထွက်ဆိုးကျိုးများ
အချို့သောသူများတွင် ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ကောင်းစွာအိပ်မပျော်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ ဖြစ်နိုင်ပါသည်။

သတိပြုရန်
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ကျွမ်းကျင်သော သမားတော်နှင့်ပြပြီးမှ အသုံးပြုပါ။ လက်ဖက်စိမ်းတွင် ပါဝင်သော တန်နင် ဓာတ်ပစ္စည်းသည် သံဓာတ်စုပ်ယူမှုကို  လျော့နည်းစေသောကြောင့် သံဓာတ်ပါဝင်သော ဆေးများနှင့် အနည်းဆုံး ၂ နာရီခြားသောက် သင့်သည်။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆ဝ) ပါဝင်ပါသည်။

ဆေးတောင့်တွင်ပါဝင်သော ဆေးဖက်ဝင် ဒြပ်ပေါင်းများ၏ သဘာဝအရ ထားသိုစဉ်အတွင်း စေးကပ်၍ ခဲသွားနိုင်သော် လည်း ဆေးအာနိသင် ပြောင်းလဲမှုမရှိပါ။

Copyright© 2026 FAME Pharmaceuticals Industry Co., Ltd. All rights reserved.