သဘာဝမှရသော ကျန်းမာသုခ

ဤစာအုပ်တွင် ကျန်းမာသုတ အစီအစဥ်၌ မေးမြန်းတင်ဆက်ခဲ့သော အကြောင်းအရာ (၂၂) ခုကို စုစည်းဖော်ပြထားပါသည်။ ထိုသို့ ဖော်ပြရာတွင်လည်း စာအနေဖြင့် ပြန်လည် မပြင်ဆင်တော့ဘဲ မူရင်း စကားပြောအတိုင်း တင်ဆက်ပေးထားပါသည်။

သဘာဝဆေးပညာနှင့် ပတ်သက်သော ဗဟုသုတများအပြင် နေ့စဥ် နေထိုင်စားသောက်မှုပုံစံများထဲမှ ကျန်းမာရေးနှင့် ပတ်သက်သည်များကို ရွေးချယ်တင်ဆက်ထားပါသည်။

ဤစာအုပ်ကို ၂ဝဝ၆ ခုနှစ်တွင် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရာ အဆိုပါနှစ်အတွက် သုတစွယ်စုံ စာပေဆု (အသုံးချသိပ္ပံ) ကို ရရှိခဲ့သည့် စာအုပ်လည်းဖြစ်ပါသည်။ ယခု တတိယအကြိမ်တွင် ရောင်စုံဓာတ်ပုံများ ထပ်မံဖြည့်စွက်၍ ဖော်ပြထားရာ စာဖတ်သူတို့ ပိုမိုနှစ်သက်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။

Copyright© 2026 FAME Pharmaceuticals Industry Co., Ltd. All rights reserved.