ဆေးဖက်ဝင်ကမ္ဘာဦးပင်

ကမ္ဘာပေါ်တွင် လွန်ခဲ့သောရှေးနှစ်သန်းပေါင်း ၂ဝဝ ကျော်မှ စတင်ပေါက်ရောက်ခဲ့ပြီး ယနေ့ထက်တိုင် မျိုးတုံးပျောက်ကွယ်သွားခြင်း မရှိသေးသောအပင်မှာ ကမ္ဘာဦးပင်တစ်ပင်သာ ရှိပါသည်။

ဤစာအုပ်တွင် ကမ္ဘာဦးပင်၏ ထူးခြားဖြစ်စဥ်များကို မည်သူမဆို လွယ်ကူစွာ ဖတ်ရှုသဘောပေါက် နားလည်နိုင်စေရန်အတွက် ရည်ရွယ်ရေးသားဖော်ပြထားပြီး မည်သည့်ရောဂါများတွင် အသုံးပြုနိုင် သည်တို့ကို လေ့လာ၍ စုစည်းတင်ပြထားပါသည်။

ကမ္ဘာဦးပင်အရွက်မှထုတ်လုပ်ထားသောဆေးဝါးများ မြန်မာနိုင်ငံစျေးကွက်၌ တွင်ကျယ်စွာ အသုံးပြု နေကြပြီဖြစ်ရာ လက်ရှိသောက်သုံးနေသူများအနေဖြင့် ယင်းနှင့်ပတ်သက်သည့် သိသင့်သိထိုက်သော အချက်အလက်များကို သိရှိခြင်းဖြင့် အကျိုးရှိမည်ဟု ယုံကြည်ပါသည်။

Copyright© 2026 FAME Pharmaceuticals Industry Co., Ltd. All rights reserved.