သည်းခြေကျောက်တည်ရောဂါ

သည်းခြေကျောက်တည်ရောဂါသည် ယနေ့ခေတ်တွင် တစ်နေ့ထက်တစ်နေ့ အဖြစ်များလာသော ရောဂါတစ်ခု ဖြစ်ပါသည်။ နေထိုင်စားသောက်မှုပုံစံ (Life style) မှားယွင်းခြင်းကြောင့် ဖြစ်လာရသည့် သည်းခြေကျောက်တည်ရောဂါကို အနေအထိုင် အစားအသောက် မှန်ကန်အောင် ပြုမူဆောင်ရွက် ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

သည်းခြေကျောက်အမျိုးအစား အဓိကနှစ်မျိုးရှိပြီး ယင်းတို့မှာ ကိုလက်စထရောကျောက် (Cholesterol stone) နှင့် ရောင်ခြယ်ကျောက် (Pigment stone) တို့ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် နှစ်မျိုးစလုံး ရောနေခြင်းမျိုးလည်း ရှိတတ်ပါသည်။

အဓိကအနေဖြင့် သည်းခြေကျောက် ဖြစ်စေနိုင်သော အစားအစာများကို အတတ်နိုင်ဆုံး ရှောင်ကြဥ်၍ မဖြစ်စေရန် ကာကွယ်နိုင်သည့် အစားအစာများကို မကြာခဏ စားသုံးသင့်ပါသည်။ ထို့အပြင် နေ့စဥ် ကိုယ်လက်လှုပ်ရှားမှု တစ်မျိုးမျိုးကိုလည်း မဖြစ်မနေပြုလုပ်ပေးရန် လိုအပ်ပါသည်။

Copyright© 2026 FAME Pharmaceuticals Industry Co., Ltd. All rights reserved.