စားသုံးဆီနှင့် ကျန်းမာရေး

လူတစ်ယောက်ကျန်းမာစေရန် စားသုံးဆီများ၏ အခန်းကဏ္ဍမှာ အထူးပင် အရေးပါလှပါသည်။ သဘာဝမှရရှိသော အရည်အသွေး မှန်ကန်ကောင်းမွန်သည့် ဆီဖြစ်ပါမှ အန္တရာယ်ကင်း၍ ကျန်းမာခြင်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ မိမိနှင့် အသင့်တော်ဆုံးဖြစ်မည့် စားသုံးဆီအမျိုးအစားကို ရွေးချယ်စားသောက် တတ်ရန် ဤစာအုပ်တွင် ဖော်ပြထားပါသည်။

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ စားသုံးဆီအများစုကို တင်သွင်းရောင်းချရာ၌ အရည်အသွေး မပြည့်မီသော၊ စားသုံးရန် မသင့်တော်သည့် စွန့်ပစ်ဆီများကို ပြန်လည်ပြုပြင်ထားသော၊ ရောနှော ထားသောဆီများက စျေးကွက်အတွင်း၌ တွင်ကျယ်စွာ နေရာယူလျက် ရှိနေပါသည်။

ယနေ့ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများဖြစ်သည့် နှလုံးသွေးကြောကျဥ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အော်တိုအင်မြူးရောဂါများနှင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားရခြင်း အကြောင်းအရင်းများထဲတွင် စားသုံးဆီ အရည်အသွေးနိမ့်ကျမှုမှာလည်း အရေးပါသော အကြောင်းတစ်ခု ဖြစ်သည်။

Copyright© 2024 FAME Pharmaceuticals Industry Co., Ltd. All rights reserved.